close

ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

close

November 1, 2021

ယင်းမာပင် လုံခြုံ​ရေးဂိတ် ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ​စစ်မှုထမ်း​ဟောင်းအများစု​နေထိုင်တဲ့ အောင်​ဇေယျ ရပ်ကွက်အနီးက လုံခြုံ​ရေးဂိတ်ကို ​နိုဝင်ဘာ ၁ ရက်​ မနက်ပိုင်းက အ​ဝေးထိန်း လက်နက်နဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Abale ​ရေသန့်စက်ရုံနဲ့ သီတဂူကျောင်းအနီးမှာ တပ်စွဲပြီး လုံခြုံ​ရေးယူ ထားတဲ့ စစ်​ကောင်စီတပ်ဂိတ်ကို အ​ဝေးက​နေ လက်နက်တစ်ခုခုနဲ့ လှမ်းပစ်တာ ခံလိုက်ရတာ။

ပစ်ခတ်မှုမှာ စစ်​ကောင်စီဘက်က ၁ ဦးထက်မနည်း ​သေဆုံးတယ်ဆိုတာသိရပြီး ပစ်ခတ်ခံရအပြီး ​စစ်​ကောင်စီတပ်ဖွဲ့က ​သေနတ်​တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ​ဒေသခံ​တွေက ​ပြောပါတယ်။

အခုလိုပစ်ခတ်တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်​ဆောင်တယ်ဆိုတာ မသိရ​သေးသလို ထုတ်ပြန်​ကြေညာတာ မရှိ​သေးပါဘူး။

54 seconds Ago
Up