close

ပစ်ခတ်ဖမ်းဆီး

close

April 24, 2023

ရသေ့တောင်တွင် လက်နက်နှင့်ထွက်ပြေးသည့် အေအေတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့အတူ ထွက်ပြေးစဉ် ရက္ခိုင့်တပ်တော်က အင်အားအလုံးအရင်းနဲ့ ပြန်လည်လိုက်ဖမ်းရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ရသေ့တောင်မြို့ခံတွေက ပြောပါတယ်။

အေအေတပ်ဖွဲ့ဝင် ၂ ဦးဟာ လက်နက်တွေနဲ့အတူ ဧပြီ ၂၃ ရက်မှာ ရသေ့တောင်မြို့ပေါ်ကို ထွက်ပြေးလာတာဖြစ်ပြီး ၂၄ ရက် မနက်ပိုင်းမှာ အေအေတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ ပြန်လည်ဖမ်းဆီးခဲ့တာလို့ ရသေ့တောင်မြို့ခံတဦးက ပြောပါတယ်။

“သူတို့ကို ALP က အရာရှိတဦးက စည်းရုံးပြီး ခေါ်လာတာလို့ သိရတယ်။ သူတို့ ရသေ့တောင်ဆေးရုံ ဝန်ထမ်းအိမ်ရာမှာ ပုန်းခိုနေကြတာ။ အဲဒီကို အေအေတပ်ဖွဲ့ဝင်တွေက အင်အား ၁၀၀ နဲ့ဝိုင်းပြီးတော့ ဖမ်းဆီးဖို့လုပ်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြတာ။ စပြီးပစ်ခတ်ကြတာကတော့ မနက် ၅ နာရီခွဲလောက်မှာ ပစ်ခတ်ကြတာ။ သေနတ်သံကတော့ ၁၀ ချက်နဲ့ အထက်လောက်ကြားလိုက်ရတယ်။ နောက် ဗုံးပေါက်ကွဲသလိုမျိုး ပေါက်ကွဲသံ ၂ ချက် ကြားလိုက်ရတယ်။ သူတို့ကို အခု မနက် ၈ နာရီကျော်လောက်မှာ အေအေ ဖမ်းဆီးသွားပြီလို့ သိရတယ်။”

အေအေတပ်ဖွဲ့ဝင်တွေကို စည်းရုံးခေါ်ဆောင်ခဲ့တဲ့ ALP က အရာရှိဟာ အေအေက ဖမ်းဆီးထောင်ချထားရာကနေ အခုနှစ် နှစ်သစ်ကူးမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အေအေတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးမှု ပြုလုပ်ရာမှာ ရပ်ကွက်အနီးရှိ ဒေသခံတွေကို ယာယီဖယ်ပြီးမှ ပစ်ခတ်ဖမ်းဆီးခဲ့ကြတာဖြစ်ပြီး အရပ်သားထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို ပစ်ခတ်ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

33 seconds Ago

December 1, 2022

အင်းတော်တွင် ရဲစခန်းရှေ့ဖြတ်သွားသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ  နိုဝင်ဘာ ၂၉ ရက်ညက ရဲစခန်းရှေ့ ဖြတ်သွားတဲ့  အမျိုးသားတဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အောင်မေတ္တာရပ်ကွက် မြို့မရဲစခန်းရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ အမျိုးသားတဦးကို ရဲတွေက သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရဲစခန်းအနီးနေထိုင်သူ အမျိုးသားတဦးက “ည ၇ နာရီလောက်ပဲ ရှိသေးတယ်။ ဆိုင်ကယ်နဲ့ ရဲစခန်းရှေ့က ဖြတ်သွားတာကို လှမ်းပစ်တာ။ နှစ်ချက်။ ဆိုင်ကယ်လဲသွားပြီး ရဲစခန်းထဲ ဒရွတ်တိုက် ဆွဲခေါ်သွားတယ်။ ဘယ်သူလဲဆိုတာတော့ မသိသေးဘူး။ မနက်မှ သေချာသိရမယ်” လို့ ပြောပါတယ်။

ရဲစခန်းရှေ့က ဆိုင်ကယ်ဖြတ်သန်းမောင်းနှင်လို့ သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ နန်ကင်ကျေးရွာကနေ အင်းတော်မြို့ကို နာရေးကိစ္စနဲ့လာတဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဦးဆက်အောင် ဆိုသူဖြစ်ပြီး အင်းတော်ရဲစခန်းအရှေ့အရောက်မှာ သေနတ်နဲ့ နှစ်ချက် အပစ်ခံခဲ့ရလို့ လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူနေစဉ် စစ်ဆေးဖို့ ဆိုင်ကယ်ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးတလုံးနဲ့အတူ PDF တဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

5 months Ago
Up