close

ပစ်ခတ်မှုများဖြစ်ပွား

close

December 11, 2021

လှိုင်သာယာတွင် ပစ်ခတ်မှုများဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ  ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ ည ၇ နာရီခွဲလောက်က နေရာ  ၃ နေရာလောက်မှာ ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒဂုံဧရာ အဝေးပြေးဘက်ကလည်း ဗုံးပေါက်သံတွေ  ကျယ်ကျယ်လောင်လောင်ကြားရပြီး သေနတ်သံတွေလည်း အဆက်မပြတ် ကြားနေရတယ်ဒေသခံ တယောက်က ပြောပါတယ်။

တခြားဒေသခံတဦးကလည်း “ည ၈ နာရီခွဲလောက်က ထပ်ပေါက်တယ်။ သမကုန်းနားနဲ့ စနေမ  ၅ ထိပ်နား ကလို့တော့ ကြားတယ်။ ပစ်ခတ်သံတွေရော ပေါက်ကွဲသံတွေပါ ဆူညံနေတယ်။”လို့ ပြောပါတယ်။

ဘယ်အဖွဲ့တွေပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက် ဒဏ်ရာရမှု အခြေအနေတွေကိုတော့  မသိရသေးပါဘူး။

လှိုင်သာယာမြို့နယ်ရှိ ရဲစခန်း ၂ ခုကို  ဒီကနေ့ ည ၇ နာရီခွဲလောက်နဲ့ ၈ နာရီခွဲလောက်မှာ  ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရတာလို့ လှိုင်သာယာ သတင်းစာမျက်နှာမှာတော့ သတင်းထုတ်ထားပါတယ်။ 

လှိုင်သာယာမှာ ဒီနေ့ ညနေ ၃ နာရီခွဲလောက်ကလည်း ရွှေလင်ပန်းတံတားအဆင်းမှာ စစ်ကောင်စီက ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးနေရာမှာ အနည်းဆုံး ဆိုင်ကယ် အစီး ၂၀ လောက် အဖမ်းခံရတယ်လို့လည်း  ဒေသခံတွေက ပြောပါတယ်။

1 min Ago
Up