close

ပစ်ခတ်မှု

close

May 13, 2023

ဖားကန့် ရှင်းရင်ဟိုတယ်အနီး ပစ်ခတ်မှုဖြစ်၊ ဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် ကျေးရွာမှာ မေ ၁၂ ရက်ညက ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။       

ရှင်းရင်ဟိုတယ်အနီး စစ်ကောင်စီတပ်ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။               

"ည ၁၀ နာရီလောက် ဟိုတယ်ရှေ့ကို စစ်တပ်ရောက်လာတယ်။ မကြာဘူး နှစ်ဘက် ပစ်ခတ်သံတွေကြားရတယ်။  စစ်တပ်နဲ့ ဘယ်အဖွဲ့နဲ့ ပစ်တာလဲတော့ တိတိကျကျမသိရဘူး။  အဲ့ဒီမှာ အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသွားသူတွေ ဘယ်သူတွေဆိုတာနဲ့ ဘယ်အဖွဲ့နဲ့ပစ်ခတ်မှုဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ မတ် ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့ပါတယ်။  

6 hours Ago

May 8, 2023

အမေရိကန် ကုန်တိုက်တခု၌ ပစ်ခတ်မှုဖြစ်ပြီး ၉ ဦး ထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ၊ ဒါးလက်စ်မြို့မြောက်ဘက်က လူစည်ကားတဲ့ ကုန်တိုက်တစ်ခုမှာ မေ ၆ ရက်က သေနတ်သမား တဦးရဲ့ ပစ်ခတ်မှုကြောင့် လူကိုးယောက်ထက်မနည်း ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိ သွားပေမဲ့ ရဲတွေက မေ ၇ ရက်ထိ လူဘယ်နှယောက် သေဆုံးခဲ့တယ်ဆိုတာကို အတည် မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

သေနတ်သမားက တကိုယ်တော် လှုပ်ရှားသွားတယ်လို့ ယုံကြည်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

တက္ကဆက်ပြည်နယ် အယ်လန်မြို့ထဲက အယ်လန် ပရီမီယံအောက်လက်စ်ကုန်တိုက်တန်း အပြင်ဘက်မှာ သေနတ်သမားက စတင် ပစ်ခတ်အပြီး ရဲအရာရှိ တယောက်က သေနတ်သမားကို ပစ်သတ်ခဲ့တယ်လို့ မြို့ ရဲအုပ် ဘရိုင်ယန်ဟာဗေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အယ်လန်မြို့ မီးသတ်တပ်ဖွဲ့ဟာ သေနတ်ဒဏ်ရာနဲ့ လူ ၉ ယောက်ထက်မနည်းကို ဆေးရုံတွေဆီပို့ ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဂျွန်ဘွိုက်ဒ်က ပြောပါတယ်။

နောက်ထပ် တခြားလူ ၃ယောက်လောက်လည်း ဒဏ်ရာရခဲ့နိုင်တယ်လို့ သူက ဆက်ပြောပေမဲ့ ဒဏ်ရာရသူတွေရဲ့ အခြေအနေကိုတော့ သူက မပြောခဲ့ ပါဘူး။

ကုန်တိုက်တန်းရဲ့ အပြင်ဘက်က လူသွားစင်္ကြန်ပေါ်မှာ သွေးတွေနဲ့ အလောင်းဖြစ်ပုံရတာတွေကို အဝတ်ဖြူနဲ့ အုပ်ထားတာတွေကို မြင်ရပါတယ်။

ဒီပစ်ခတ်မှုဟာ ပြောမပြနိုင်လောက်တဲ့ ကပ်ဆိုးပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လူဦးရေ တသိန်းလောက်နေတဲ့ အယ်လန်မြို့အတွက် ဒေသအာဏာပိုင်တွေ လိုအပ်သမျှ အကူအညီကို ကမ်းလှမ်းဖို့ အစိုးရက ပြင်ဆင်နေတယ်လို့လည်း သူက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

5 days Ago
Up