close

ပစ်လွှတ်စမ်းသပ်

close

September 13, 2021

တာဝေးပစ် ခရုဇ်ဒုံးကျည်သစ် မြောက်ကိုရီးယား ပစ်လွှတ်စမ်းသပ်

မြောက်ကိုရီးယားဟာ သီတင်းပတ်ကုန်ရက်က တာဝေးပစ် ခရုဇ်ဒုံးကျည် အသစ်တစ်စီးကို အောင်အောင်မြင်မြင် ပစ်လွှတ်စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ သောင်မတင် ရေမကျ ဖြစ်နေချိန်မှာ ခုလို ပစ်လွှတ် စမ်းသပ်ခဲ့ တာပါ။

ဒုံးကျည်တွေကို စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ရက်တွေက ပစ်လွှတ်ခဲ့တာဖြစ်ပြီး မိုင် ၉၃၀ ကျော်အကွာက မြောက်ကိုရီးယား ရေပိုင်နက်ထဲက ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ KCNA က ပြောပါတယ်။

ဒုံးကျည် သယ်ယူပစ်လွှတ်နိုင်တဲ့ ယာဉ်တွေပေါ်ကနေ ဒုံးကျည်ကို ပစ်လွှတ်နေတဲ့ ဓာတ်ပုံတွေနဲ့ ဒုံးကျည်တွေ လေထဲမှာ ပျံနေတဲ့ ပုံတွေကိုလည်း KCNA က ထုတ်လွှင့်ပါတယ်။ ဒီပုံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။

မတ်လက မြောက်ကိုရီးယားက တာတိုပစ် ဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်အသစ် တစီး စမ်းသပ်အပြီး နောက်ပိုင်းမှာ ပထမဆုံး စမ်းသပ်ချက်လို့ ရှုမြင်နေကြပါတယ်။

မြောက်ကိုရီးယားဟာ ဇန်နဝါရီ နှောင်းပိုင်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုအပြီး နာရီပိုင်းအတွင်း ခရုဇ်ဒုံးကျည်တစီး ပစ်လွှတ် စမ်းသပ်ခဲ့သေးတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

3 mins Ago
Up