close

ပညာရေးစင်တာ

close

September 30, 2022

ကဘူးလ်တွင် ပညာရေးစင်တာတခု အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ၁၉ ဦးသေဆုံး

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ ပညာရေးစင်တာတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ‌ယောက် သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဗုံးပေါက်ကွဲမှုအတွက် တာဝန်ရှိသူကိုတော့ ချက်ချင်း ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

လူနာတင်ယာဉ်တွေဟာ ဒဏ်ရာရသူတွေကို မိုဟာမက်အလီဂျီနာဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပုဂ္ဂလိက ပညာရေးစင်တာမှာ စာမေးပွဲကျင်းပနေချိန်မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပြပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့အချိန် စာမေးပွဲခန်းထဲမှာ ထိုင်နေကြတာဖြစ်ပြီး ပေါက်ကွဲသံ ကြားလိုက်တဲ့ အချိန် လေထဲမှာ အသားစတွေ အများကြီးတွေ့တယ်လို့ မျက်မြင်သက်သေ အာမက် ဂျာဝစ်ဒ်က ပြောပါတယ်။

လူတွေ အရမ်းထိတ်လန့်သွားပြီး သေဆုံးသူအရေအတွက်က အရမ်းများနေကာ တာလီဘန်တွေက ဓာတ်ပုံရိုက်ခွင့် မပေးဘူးလို့ သူက ပြောပါတယ်။

ကဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက တရားဝင်ထုတ်ပြန်ချက်အရ လူ ၁၉ ယောက် သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တရားဝင်သေဆုံးသူဦးရေ တိုးလာဖွယ် ရှိပါတယ်။

12 hours Ago
Up