close

ပညာရေးစုံညီပွဲတော်

close

February 10, 2023

ခင်ဦးမြို့နယ်၌ NUG အခြေခံပညာ ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် ကျင်းပ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၉ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော် ကျင်းပခဲ့တယ်လို့ ပညာရေးစုမှူးတဦးက ပြောပါတယ်။

အဲဒီစုံညီပွဲမှာ အားကစားပြိုင်ပွဲတွေ ကျင်းပပေးခဲ့ပြီး ဆုချီးမြှင့်တာ၊ ဆရာ ဆရာမတွေကို ပူဇော်ကန်တော့တာနဲ့ ရိုးရာအကအလှတွေနဲ့ ကျောင်းသားကျောင်းသူတွေက ဖျော်ဖြေတင်ဆက်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပညာရေး မိသားစုတွေ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြတယ်လို့ ကာကွယ်ရေးရဲဘော်တဦးက ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ကြားကာလ ပညာသင်ကြားရေး NUG အစိုးရကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ ၂၀,၀၀၀ ကျော်ကို ပညာရေးဝန်ထမ်း ၁,၀၀၀ ကျော်နဲ့ သင်ကြားပေးနေတာဖြစ်ကာ ၂၀၂၂-၂၃ ပညာသင်နှစ် ပြီးဆုံးတော့မယ်လို့လည်း သိရပါတယ်။

13 hours Ago

August 7, 2022

ယင်းမာပင်မြို့နယ် ကျေးရွာတရွာက NUG ပညာရေးဌာနရဲ့ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးရွာတရွာမှာ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နဲ့ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၆  ရက်က ကျင်းပပါတယ်။ 

အဆိုပါကျေးရွာမှာ ဆရာဆရာမ အယောက်  ၇၀ လောက်နဲ့  ကျောင်းသားကျောင်းသူ  ၆၀၀  လောက်ကို မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။

6 months Ago
Up