close

ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်

close

October 31, 2021

မန္တလေး အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ခေါင်းဆောင်များ အပါအဝင် ၆ ဦး ဖမ်းခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၇၀၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာ အောက်တိုဘာ ၃၀ ရက် ည ၁၀ နာရီကျော်အချိန်က အခြေခံပညာပညာရေးဝန်ထမ်းများ အထွေထွေသပိတ်က ခေါင်းဆောင်တွေအပါအဝင် လူငယ် ၆ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ အင်အားအလုံးအရင်းနဲ့ လူငယ်တွေ နေထိုင်ရာနေရာကို စီးနင်းရှာဖွေပြီး ဖမ်းဆီးသွားတာလို့ သိရပါတယ်။

အခြေခံပညာပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီရဲ့ အလုပ်အမှုဆောင်တွေဖြစ်ကြတဲ့ ဆရာမ မသက်ဆုလှိုင်၊ ဆရာနောင်ထက်အောင်နဲ့ ဆရာနိုင်းသီဟကျော်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုရန်စိုးပိုင်တို့ ဖမ်းဆီးခံလိုက်ရပါတယ်။

အခြားဖမ်းဆီးခံရသူတွေရဲ့ နာမည်စာရင်း အပြည့်အစုံကို လက်ရှိမှာ မသိရသေးတဲ့အပြင် မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ သိရသေးတာကြောင့် ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာစိုးရိမ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

5 mins Ago
Up