close

ပညာရေးဝန်ထမ်း ၇၀၀၀

close

May 17, 2021

တနင်္သာရီတိုင်းအတွင်း ပညာရေးဝန်ထမ်း ၇၀၀၀ နီးပါးကို အလုပ်မှယာယီရပ်ဆိုင်း

တနင်္သာရီတိုင်းဒေသကြီးမှာ  စစ်အာဏာရှင်ဆန့်ကျင် အာဏာဖီဆန် CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်း အယောက်  ၇၀၀၀ လောက်ကို  အကြမ်းဖက်စစ်အုပ်စုက အလုပ်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ကျောင်းအုပ်ကြီးတွေအပါအဝင် သင်ကြားရေးနဲ့ စီမံဝန်ထမ်းပေါင်း ၆၈၁၅ ယောက်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းတာလို့ ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

စုံစမ်းသိရှိရတဲ့ စာရင်းတွေအရ လောင်းလုံးမြို့နယ်မှာ ကျောင်းအုပ်ကြီး ၇ ယောက်၊ ဆရာ ဆရာမတွေနဲ့ စီမံဝန်ထမ်းပေါင်း ၁၀၁၆ ယောက်ကို မေ ၇ ရက်ကစပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းပါတယ်။

ကျွန်းစုမြို့နယ်မှာ ကျောင်းအုပ်ကြီး ၆ ယောက်နဲ့ ဆရာ ဆရာမ၊ စီမံဝန်ထမ်းပေါင်း ၅၂၄ ယောက်၊ ပုလောမြို့နယ်မှာ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၆၉၅ ယောက်၊ သရက်ချောင်းမြို့နယ်က ကျောင်းအုပ်ကြီး ၆ ယောက်၊ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၈၉၆ ယောက်၊ တနင်္သာရီမြို့နယ်မှာ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၅၄၈ ယောက်၊ မြိတ်မြို့မှာ ဆရာ ဆရာမနဲ့ စီမံဝန်ထမ်းပေါင်း ၁၁၁၅ ယောက် အလုပ်ကနေ ယာယီရပ်ဆိုင်းခံလိုပ်ရပါတယ်။

တနင်္သာရီတိုင်းထဲမှာ သင်ကြားရေး ဆရာ ဆရာမတွေနဲ့ စီမံ ရုံးဝန်ထမ်းပေါင်း ၁၄၇၀၀ ကျော်ရှိတဲ့အထဲက ထက်ဝက်လောက်ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

1 min Ago
Up