close

ပညာရေးသပိတ်စစ်ကြောင်း

close

September 25, 2021

ပညာရေးသပိတ်စစ်ကြောင်းများ ဦးဆောင်ခဲ့သူ ဆရာစိုးသူရကျော် ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့သူ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ဆရာ စိုးသူရကျော်ဟာ မနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရပါတယ်။

သူဟာ လက်ရှိမှာ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ဆရာ ဦးစိုးသူရကျော် (ကဗျာဆရာ သာသျှား)ဟာ စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ခရီးသွားနေတုန်း စစ်ဆေးဖမ်းဆီးခံရတာလို့ ကနဦးသိရပြီး ဘယ်ကိုခေါ်သွားတယ်လို့ မသိရကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

8 mins Ago

March 30, 2021

ကန့်ဘလူခရိုင်အတွင်းက မြို့၃ မြို့ ပညာရေးသပိတ်စစ်ကြောင်း ပူးပေါင်းချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ကျွန်းလှ၊ ကန့်ဘလူ၊ ဇီးကုန်း မြို့သုံးမြို့က ပညာရေးဝန်ထမ်းတွေ စုပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အသွားအပြန် မိုင် ၁၀၀ ကျော် သပိတ်စစ်ကြောင်းကို မတ်လ ၃၀ ရက်နေ့က ချီတက်ခဲ့ကြပါတယ်။ 

မြို့အလိုက်  အကြမ်းဖက်စစ်အုပ်စုက သင်တန်းပေးနေတဲ့ ကျောင်းတွေမှာ သင်တန်းတက်နေကြတဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း ကျောင်းရှေ့သွားရောက်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ဇီးကုန်းမြို့ကစတင်တဲ့ ပညာရေးသပိတ်စစ်ကြောင်းက ကန့်ဘလူမြို့ကိုဖြတ်ကာ ကျွန်းလှမြို့အထိ ချီတက်ခဲ့ပြီး ကျွန်းကလှတဆင့် ဇီးကုန်းမြို့ကို ပြန်လည်ထွက်ခွာခဲ့တာပါ။

ဒီပညာရေးသပိတ်စစ်ကြောင်းကို ဆရာ၊ ဆရာမ ရာနဲ့ချီပါဝင်ခဲ့သလို  လမ်းတလျှောက်က ပြည်သူတွေကလည်း ဝန်းရံ လိုက်ပါခဲ့ကြပါတယ်။

ကန့်ဘလူခရိုင်အတွင်းမှာတော့ နေ့စဉ်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေပေမယ့် အကြမ်းဖက်ဖြိုခွဲတာမျိုးတွေတော့ မကြုံတွေ့ရသေးပါဘူး။

6 months Ago
Up