ရာသီဥတုပူပြင်းမှုကြောင့် မလေးရှားမှာကျောင်းတွေပိတ်ထားရတယ်လို့ ပညာရေးဒုဝန်ကြီး လင်ဟူရင်းက မေလ ၃ ရက်မှာပြောကြားခဲ့ပြီး New Straits times အရဝန်ကြီးဌာနက ကျောင်းပြင်ပလှုပ်ရှားမှုအားလုံးကိုယာယီရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ထားပါတယ်။
ကျောင်းအုပ်ချုပ်သူတွေဟာ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားပြီး နေ့စဉ်ရာသီဥတုအခြေအနေကိုလည်း ဆက်တိုက်စောင့်ကြည့်နေရမယ်လို့သူကဆိုပါတယ်။
"ကျနော်တို့ရဲ့လမ်းညွှန်ချက်တွေအရ အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သုံးရက်ဆက်တိုက်ကျော်လွန်နေသမျှကာလပတ်လုံးပြည်နယ်ပညာရေးဌာနက ကျောင်းတွေကို စောင့်ကြည့်ပြီး ပိတ်ပေးမယ်လို့ မစ္စလင်က ပြောကြားခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနဟာ နေ့စဉ်အပူချိန်ကိုစောင့်ကြည့်တာအပြင် ဘေးကင်းရေးအစီအ မံလမ်းညွှန်ချက်တွေကိုလည်း ချမှတ်ထားပြီးဖြစ်ကြောင်းဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မလေးရှားနိုင်ငံ ဒေသတချို့မှာ ကာလကြာရှည်ရာသီဥတုပူပြင်းနေချိန်မှာ ကျောင်းသားနဲ့ဆရာတွေကို အားကစားဝတ်စုံတွေ ဝတ်ဆင်ဖို့ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မလေးရှားကျန်းမာရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုဟာမက်က နိုင်ငံတွင်းအပူနဲ့ဆက်နွယ်တဲ့ဖျားနာမှု စုစုပေါင်း ၅ ခုကိုတွေ့ရှိထားကြောင်းပြောကြားခဲ့ပါတယ်။
အညာတခွင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့အတူ မီးရှို့ ဖျက်ဆီးမှုတွေကြောင့် စာသင်ကျောင်းတွေ မီးလောင်ပျက်စီးခဲ့ရလို့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်များ ဆုံးရှုံးလျက် ရှိတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဧပြီ ၂၉ ရက်က ထုတ်ပြန် ပြောဆိုပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး တာဝန်ခံ ကိုစိုးမိုးအောင်က "အညာဒေသ ပညာရေးအတွက် ကျနော်တို့ စာသင်ကျောင်းတွေ ဆောက်လုပ် လှူဒါန်းပေးနေ ပါတယ်။ စာသင်ခုံတွေလည်း လှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိ စာသင်ခုံတွေ တန်ဖိုးက ၁ သိန်းလောက် ရှိနေတော့ ကြိုးစားနေရတုန်းပါပဲ။ အခုဟာက အကုန် အစကနေပြန် စနေရတာ ဆိုတော့ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ" လို့ ပြောပါတယ်။
လတ်တလော ကလေးတွေဟာ စာသင်ကျောင်းလည်း မရှိ စာသင်ခုံလည်း မရှိတာကြောင့် သစ်ပင်အောက်က မြေကြီးပေါ်မှာပဲ စာသင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့ဟာ အညာမြေမှ မီးရှို့ခံရတဲ့ ကျောင်းများကို ပြန်လည်တည်ဆောက်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်း စတဲ့ လုပ်ငန်း တာ၀န်များကို ထမ်းဆောင်ခဲ့တာ အချိန်တခုထိ ရောက်ခဲ့ပြီလို့ သိရပါတယ်။