close

ပတ်ခ်ဂွန်ဟေး

close

December 24, 2021

အဂတိမှုဖြင့် ထောင်ကျနေသည့် တောင်ကိုရီးယားသမ္မဟောင်း ပတ်ခ်ဂွန်ဟေး လွတ်မြောက်

အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရပြီး ထောင်ထဲမှာနေရတဲ့ သမ္မတဟောင်း ပတ်ခ်ဂွန်ဟေးကို တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ တရားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

အသက် ၆၉ နှစ်အရွယ် ပတ်ခ်ဟာ တောင်ကိုရီးယားမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရပြီးမှ ဖြုတ်ချခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာတာပါ။

ဆမ်ဆောင်း အီလက်ထရောနစ် နိုင်ငံတကာ ကော်ပိုရေးရှင်းအပါအဝင် လုပ်ငန်းစုံ စီးပွားရေး လုပ်ငန်းကြီး ၂ ခုရဲ့ အကြီးအကဲတွေနဲ့ ပတ်သက်နေတဲ့ အဂတိမှုနဲ့ ပတ်သက်ပြီး သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ၂၀၁၇ ခုနှစ်မှာ အခြေခံဥပဒေခုံရုံးက လွှတ်တော်အတွင်း မဲခွဲခဲ့ပါတယ်။

အဲဒီနောက်မှာ သူ့မိသားစုကို ထောက်ပံ့ဖို့နဲ့ သူပိုင်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေ အတွက် ရန်ပုံငွေ ထောက်ပံ့ဖို့ အကြီးစားလုပ်ငန်းစုံ ကုမ္ပဏီကြီးတွေဆီကနေ ကိုရီးယား ဝမ်ငွေ ဘီလီယံဆယ်ချီ လက်ခံရယူရေး၊ လူယုံတယောက်နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် သမ္မတဟာ ဖြုတ်ချ ခံခဲ့ရတာပါ။ ဇန်နဝါရီလမှာ တောင်ကိုရီးယား ထိပ်တန်းတရားရုံးက ပတ်ခ်ဂွန်ဟေးကို အဂတိလိုက်စားမှုအတွက် ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့ပြီး တရားရေး လုပ်ငန်းစဉ် ပြီးဆုံးခဲ့ပါတယ်။

ပတ်ခ်ဂွန်ဟေး မတိုင်ခင်က သမ္မတ လီမြောင်ဘတ်ကတော့ အဂတိလိုက်စားမှုနဲ့ ထောင်ချခံရပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့် မရခဲ့ပါဘူး။

ပတ်ခ်ဟာ ပုခုံးခွဲစိတ်ကုသခံနေရဆဲအပါအဝင် ကျန်းမာရေးပြဿနာတွေကို ထောင်ထဲမှာ ခံစားနေရတယ်လို့ အတိုက်အခံ လွှတ်တော်အမတ်တွေက ပြောထားပါတယ်။

44 seconds Ago
Up