close

ပတ်ဒရီ

close

March 28, 2023

ဘာစီလိုနာတွင် ပျော်နေသော်လည်း ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့နိုင်ဟု ပတ်ဒရီပြော

ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေပေမဲ့ ပရီးမီးယားလိဂ်ဆီပြောင်းရွှေ့ကစားနိုင်တာလည်း ဖြစ်နိုင် ကြောင်း ကွင်းလယ်လူ ပတ်ဒရီကပြောပါတယ်။

ပတ်ဒရီဟာ ဘာစီလိုနာအသင်းကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

ပရီးမီးယားလိဂ်ဆီပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ပတ်ဒရီက ငြင်းဆန်ခြင်း မရှိဘဲ အနာဂတ်မှာ ဘာမဆိုဖြစ်နိုင်ကြောင်း ပြောသွားခဲ့တာပါ။

လက်ရှိအချိန်မှာ ဘာစီလိုနာမှာ ပျော်ရွှင်နေပြီး နောက်ထပ် နှစ်တွေအများကြီးဆက်ကစားနိုင်ဖို့ မျှော်လင့်ပေမဲ့လည်း အနာဂတ်ဆိုတာ ဘာမှတပ်အပ်ပြောလို့မရနိုင်ကြောင်း ပတ်ဒရီက ပြန်လည်ဖြေကြားခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေဟာ ပတ်ဒရီပြောင်းရွှေ့ဖို့ ဖြစ်နိုင်တဲ့ အသင်းတွေလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ 

6 mins Ago
Up