close

ပထဆုံးသေဆုံး

close

July 30, 2021

အမာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၁ ဦး ပထဆုံးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်မှာ ဇူလိုင် ၂၉ ရက်မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသမီးတစ်ဦး ပထမဆုံး စတင်သေဆုံးခဲ့ပါတယ်။

အမာမြို့ ၊ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးကုသမှုခံယူနေတဲ့ အမာမြို့ ၁ ရပ်ကွက်မှာ နေထိုင်သူ  အသက် ၆၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အမျိုးသမီးတစ်ဦးသေတယ်။ ဒီနေ့ပဲ မြို့နယ်ထဲက ကျေးရွာတွေမှာနေထိုင်တဲ့ သံဃာ တစ်ပါးရယ်၊ အခြားကျေးရွာက အမျိုးသမီး နှစ်ဦးရယ်၊ သံသယ လက္ခဏာရှိလို့ ဆေးရုံမှာ လါရောက်စစ်ဆေးတာ ကို‌-၁၉ ရောဂါပိုး ၃ ဦး စလုံးတွေ့တယ်။"  

အမာမြို့နယ်မှာ ကညင်ကုန်းကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးကို ဇူလိုင် ၅ရက်နေ့က နေမကောင်းဖြစ်သဖြင့်  RDT test ဖြင့် စစ်ဆေးရာမှ Covid 19ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၉ရက်နေ့ထိ  ပိုးတွေ့လူနာ (၂၃)ဦး ရှိကာ  လက်ရှိအချိန်ထိအမာမြို့  ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာ(၉)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း  အမာမြို့  ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်။

9 mins Ago
Up