close

ပန်ဆန်းမြို့

close

December 1, 2022

ပန်ဆန်းမြို့တွင် ပေါက်ကွဲမှုဖြစ်ပြီး ၃ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မက်မန်းခရိုင်ရှိ ပန်ဆန်းမြို့၊ နားလော်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦနဲ့ ကားတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဝ ပြည်ပဆက်ဆံရေး လားရှိုးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။ 

“လူဦးရေက သုံးယောက်လောက် ဆုံးသွားတယ်။ ကျန်တာကတော့ အများအပြားကတော့ ထိခိုက် ဒဏ်ရာရတာပေါ့။ လူဦးရေတော့ အတိအကျတော့ မသိရသေးတာ ဟုတ်တယ်။ အဆောက်အအုံတွေ တော်တော်တော့ ပျက်စီးတယ်။ ... ကားတွေရော ထိသွားတယ်။" 

ထရန်စဖော်မာက သက်တမ်းကြာပြီ ဖြစ်တဲ့အပြင် မီးသွယ်တာများတာကြောင့် အပူလွန်ကဲကာ ပေါက်ကွဲတာလို့ ယူဆရကြောင်း၊ အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ ယမ်းတွေတင်ထားရင်း ဆေးလိပ်သောက်မိလို့ မနက် ၈ နာရီလောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အများအပြား သေဆုံးဒဏ်ရာရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒေသခံတချို့ကတော့ တရုတ်တွေ မောင်းတဲ့ ကားကြီးပေါ်မှာ ဂက်စ်အိုးပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲအား အတော်ပြင်းတာကြောင့် အနီးအနား ပတ်ဝန်းကျင်တွေအထိ ပေါက်ကွဲစတွေ လွှင့်စင်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လားရှိုး၊ တန့်ယန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကားဂိတ်တွေရှိတဲ့ ကားကြီးဝန်းရဲ့ အနောက်ကျောမှာ ပေါက်တာဖြစ်ပြီး အဲဒီအနီးနားမှာ လျှပ်စစ်ရုံးရှိကာ ဝန်ထမ်းတွေလည်း အများအပြား ထိခိုက်နိုင်တယ်လို့ လားရှိုး-ပန်ဆန်း ယာဉ်ငယ် ပြေးဆွဲနေသူ ၁ ဦးက ပြောပါတယ်။

“ဘေးပတ်ဝန်းကျင် တော်တော်ဝေးတာကော။ ကားလမ်းမထိတောင် ရောက်တယ်ဆိုတော့ ဖြစ်တဲ့နေရာကနေ အဲဒီကားလမ်းမကြီးနဲ့ ပေ ၂၀၀ ကျော် ဝန်းကျင်လောက်ရှိမှာ။  ပေါက်ကွဲအားက အဲဒီထိတောင်ရောက်တာ။ သွပ်တွေရော အကုန်လန်ကုန်တာ။”

နားလေ ာ်ဆိုတဲ့နေရာက ပန်ဆန်းမြို့ထဲမှာ ရပ်ကွက်တခုလို သတ်သတ်ခွဲထားတဲ့နေရာဖြစ်ပြီး အခုလိုမျိုး ပေါက်ကွဲတာ တခါမှ မဖြစ်ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြော့် ထိခိုက်သေဆုံးမှုအခြေအနေကို ဒီဗွီဘီက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

3 hours Ago

November 20, 2021

‘ဝ’ဒေသ ပန်ဆန်းမြို့ရှိ ဆေးရုံနှင့် စာသင်ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ(၂)၊  ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၊ ပန်ဆန်း(ပန်ခမ်း)မြို့၊ နားလေ့ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ၆၁၈ ဆေးရုံမှာ  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ “ဝ” ပြည်သတင်းဌာန WSTV က နိုဝင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

၆၁၈ ဆေးရုံမှာ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အတွင်း သွားရောက်ဆေးကုသမှုခံယူခဲ့ကြတဲ့ ပြည်သူတွေအနေနဲ့ “၀” ပြည်နယ် ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး ကိုဗစ်-၁၉ စစ်ဆေးကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် ပန်ဆန်း(ပန်ခမ်း)မြို့မှာရှိတဲ့ မြန်မာ- တရုတ် စာသင်ကျောင်းမှာ ပိုးတွေ့လူနာအများဆုံး တွေ့ရှိရတယ်လို့လည်း  WSTVက နို၀င်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

‘ဝ’ဒေသမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပန်ဆန်းမြို့ တမြို့လုံးကို နိုဝင်ဘာ ၂၃ ရက်အထိ Lockdown ကာလသတ်မှတ်ကာ စစ်ဆေးနေပါတယ်။

Lockdown ကာလအတွင်း ပန်ဆန်း(ပန်ခမ်း)မြို့မှာရှိတဲ့  ကွာရန်တင်းဟိုတယ်တွေကို တစ်ရက်စာ အခန်းတစ်ခန်းခ စျေးနှုန်းကိုလည်း တရုတ်ငွေ  ၁၈၀ ယွမ် သတ်မှတ်ထားပါတယ်။

1 year Ago
Up