close

ပန်ဆယ်လို

close

November 24, 2022

ပန်ဆယ်လို ရေးသည့် နွေဦးတော်လှန်ရေးအကြောင်းစာအုပ် ကိုရီးယားတွင် ရောင်းအားကောင်း

မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းရေးထားတဲ့ စာအုပ်ဖြစ်တဲ့ ‘အမှောင်ထဲက ရက်တရာ’ ကိုရီးယားဘာသာပြန် စာအုပ်ဟာ  တောင်ကိုရီးယားနိုင်ငံမှာ  ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အမှောင်ထဲက ရက်တရာ စာအုပ်ကို ဆရာမ ပန်ဆယ်လိုက ရေးသားပြီး Morae-al စာအုပ်တိုက်က ကိုရီးယားဘာသာနဲ့ ဘာသာပြန်စာအုပ်အဖြစ် ထုတ်ဝေခဲ့တာပါ။ 

စာအုပ်တိုက်ရဲ့ CEO ဂင်မ်ရှီယောန်က “အာဏာသိမ်းတာကို ကြုံတွေ့ခံစားခဲ့ကြရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက်လည်း အလွန်အဓိပ္ပာယ်ရှိသလို မြန်မာပြည်တွင်း အခြေအနေကို သေချာမသိနိုင်တဲ့ နိုင်ငံခြားသားတွေကို အရှိအတိုင်း အသိပေးဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ဒီမိုကရေစီတိုက်ပွဲ သမိုင်းကြောင်းတွေ ဆင်တူတဲ့ တောင်ကိုရီးယားအနေနဲ့လည်း မြန်မာ့အရေးမှာ အလွန်စိတ်ဝင်တစား ရှိလှတာကြောင့် ဆရာ မပန်ဆယ်လိုဆီကနေ ခွင့်တောင်းပြီး ကိုရီးယားမှာ အခုလို ဦးစွာ ပုံနှိပ်ဖြန့်ချိဖြစ်ခဲ့တာပါ။ ပြီးတော့ ဆရာမ ပန်ဆယ်လိုကလည်း ဒီစာအုပ်မှတဆင့် ရရှိတဲ့ စာမူခအားလုံးကို မြန်မာ့တော်လှန်ရေးမှာ ပြန်လည်လှူဒါန်းခဲ့သလို ကျနော်တို့စာအုပ်တိုက်အနေနဲ့လည်း စာအုပ်ရောင်းရငွေထဲက အမြတ်တချို့ကို ‘မြန်မာ့နွေဦး-ကိုရီးယား’ အဖွဲ့ကတဆင့် မြန်မာပြည်ကို ပြန်လှူဒါန်းနိုင်ခဲ့ပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

အမှောင်ထဲက ရက်တရာ စာအုပ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမှာ ဘာသာပြန် ထုတ်ဝေဖြန့်ချိထားတဲ့ တအုပ်တည်းသော စာအုပ်ဖြစ်တာမို့ ကိုရီးယားမီဒီယာ အတော်များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေနဲ့ စာဖတ်သူတွေကြား နာမည်ကြီးခဲ့ပြီး နိုင်ငံရေးစာပေတွေကြားထဲမှာ Best Seller စာအုပ်အဖြစ် ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား လူ့အခွင့်အရေးဆုဖြစ်တဲ့ Citizen's Solidarity for Human Rights အဖြစ် နှစ်စဉ် ရွေးချယ်ချီးမြှင့်လေ့ရှိတဲ့ အကောင်းဆုံး လူ့အခွင့်အရေးစာအုပ်ဆုကို ‘အမှောင်ထဲက ရက်တရာ’ စာအုပ်ကို ရွေးချယ်ပေးဖို့ Sungkonghoe တက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ ထောက်ခံအားပေးမှုကိုလည်း ရထားခဲ့ပါတယ်။

လူ့အခွင့်အရေးစာအုပ်ဆု ရခဲ့မယ်ဆိုရင်လည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် ပိုပြီး အထောက်အကူ ပေးနိုင်မယ်လို့  ယုံကြည်ကြောင်း ထုတ်ဝေသူက ပြောပါတယ်။

7 mins Ago

April 12, 2022

စစ်ကောင်စီလေယာဉ်များ ပစ်ချနိုင်ရေး Project Dragonfly က ကန်ဒေါ်လာ ၂ သန်းကျော် စံချိန်တင်ရရှိ

ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မတရားဖိနှိပ်တိုက်ခိုက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly အမည်နဲ့ အလှူငွေတွေ ကောက်ခံခဲ့ရာမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သန်းကျော် စံချိန်တင် ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Click2donate နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ကောက်ခံနေတဲ့ ဒီပရောဂျက်မှာတော့ စတင်တဲ့ ပထမ ၂ ရက်အတွင်းမှာတင် သိန်းထောင်ချီရရှိခဲ့တာဖြစ်ပြီး လူမဆန်စွာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့ တိုက်လေယာဥ်၊ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ဖို့ ၁၀ ရက်အတွင်း ကနဦးအမေရိကန်ဒေါ်လာ ၆ သိန်းခွဲစုဖို့ နိုင်ငံအသီးသီးမှာ နေထိုင်သူတွေဆီက အလှူခံခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ Dragonfly project ရဲ့ စုစုပေါင်းရငွေကတော့  USD 2.2Million ဖြစ်ပါတယ်ခင်ဗျာ။ အနည်းငယ်တိတိကျကျပြောရရင် USD 2,259,126 ဒေါ်လာဖြစ်ပါတယ်ခင်ဗျာ။ 2.2million ကို ဒေါ်လာခြောက်သောင်း(သိန်းတစ်ထောင့်နှစ်ရာ)လောက်တောင် ပိုပါသေးတယ်ခင်ဗျာ။ အစွန်းထွက်တွေနဲ့ လုံးဝအတိအကျကတော့ ငွေလွှဲတဲ့ကိစ္စတွေပြီးမှပဲ ထပ်မံထုတ်ပြန်ပါ့မယ်ခင်ဗျာ။” လို့ Click2donate က ပြောပါတယ်။

လေယာဥ်ပစ် လက်နက်ဝယ်ယူဖို့ မျှော်မှန်းထားတဲ့ အစီအစဉ်မှာတော့ အမေရိကန်၊ ကနေဒါ၊ ယူအေအီး၊ ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ နေထိုင်ကြသူတွေဆီက အလှူငွေ တွေ ကောက်ခံခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ကနဦးမျှော်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ကောက်ခံရရှိမှုပမာဏတွေထဲမှာတော့ စင်ကာပူနိုင်ငံက ၅၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်န်စတဲ့ နိုင်ငံတွေက အစဉ်လိုက် ရှိနေတာ ဖြစ်ပါတယ်။

ပန်ဆယ်လိုကတော့ “ဒါဟာ တစ်ဦးတစ်ယောက်တည်း၊ နှစ်ဦးနှစ်ယောက်တည်းရဲ့ အင်အားမဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ငွေကြေးကိုယ်တွယ်စီမံပေးကြသူများ၊ ငွေကူစုပေးကြ လှုံ့ဆော်ပေးကြသူများနဲ့ စိတ်အားထက်သန်မှုအပြည့် ထည့်ဝင်ခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းရဲ့ အင်အားတွေပါပဲ။ ငုံ့မခံဘူး၊ တုံ့ပြန်ကြမယ်။ ငါတို့က လေထဲမှာ၊ ငါတို့ကို ဘယ်သူမှ ထိလို့မရဆိုတဲ့ စိတ်လွတ် လပ်မှုမျိုးကို နည်းနည်းမှ ထပ်မပေးနိုင်တော့ဘူး ဆိုတာပဲ။ ကင်မယ်။ ကင်ကိုကင်မယ်။”

8 months Ago
Up