close

ပန်ဆလ်ဗေးနီးယား

close

March 25, 2023

ပန်ဆလ်ဗေးနီးယားတွင် ချောကလက်စက်ရုံ ပေါက်ကွဲပြီး ၂ ဦး သေဆုံး၊ ၉ ဦးပျောက်ဆုံး

ပန်ဆလ်ဗေးနီးယားပြည်နယ် ဘာ့ခ်စ် ကောင်တီရှိ West Reading ရပ်ကွက်မှာ မတ် ၂၄ ရက် က R.M.Palmer ချောကလက် စက်ရုံပေါက်ကွဲပြီးနောက် လူ ၂ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ 

အခင်းဖြစ်ပွားရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ West Reading ရဲချုပ် ဝိန်းန်ဟိုလ်ဒင်န်က သတင်းထောက်တွေကို အတိုချုံး ထုတ်ပြန်ချက် ဖတ်ပြခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် Palmer ရဲ့ နံပါတ် ၂ အဆောက်အအုံနဲ့ အနီးနားက အဆောက်အအုံတို့ ပျက်စီးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့  ဟိုလ်ဒင်န်က ပြောပါတယ်။

တာဝန်ရှိသူတွေကတော့ အဲဒီဒေသမှာ အန္တရာယ် မရှိတော့ကြောင်း ပြောထားပေမယ့် ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပဲလို့ ဟိုလ်ဒင်န် က ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ဝန်ထမ်း ၈၅၀ ရှိတဲ့ R.M. ပါလ်မာ သကြားလုံးကုမ္ပဏီမှာ ဖြစ်ပွားခဲ့တာပါ။

သူ့ဝက်ဆိုက်အရ R.M. ပါလ်မာ ကုမ္ပဏီ ဟာ ၁၉၄၈ ခုနှစ်ကတည်းက သကြားလုံး ပြုလုပ်ခဲ့တာဖြစ်ပြီး အီစတာ၊ ဟောလိုးဝင်း နဲ့ ဗာလင်တိုင်းနေ့လို ထူးခြားတဲ့ ရာသီအလိုက် ထုတ်ကုန်ပစ္စည်းတွေကို အထူးပြုလုပ်တဲ့ စက်ရုံဖြစ်ပါတယ်။ 

12 hours Ago

July 30, 2021

ပန်ဆလ်ဗေးနီးယားပြည်နယ်တွင် လေဆင်နှာမောင်းတိုက်

အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်ခ်စီရင်စုမှာ  ဇူလိုင် ၂၉ ရက် က လေဆင်နှာမောင်း ၂ ခု ထိုးဆင်းကျလာလို့ ကားအရောင်းပြခန်းရဲ့ ခေါင်မိုးတွေ ပြိုကျပြီးတော့ လူအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ခရိုင်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

လေဆင်နှာမောင်း ၁ ခုဟာ၊ ဘန်ဆာလမ်မြို့မှာ ဒေသစံတော်ချိန် ညနေ ၅ နာရီနောက်ပိုင်း တိုက်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီက ကားအရောင်းအ၀ယ် အဆောက်အအုံ ထိခိုက်ခဲ့ပါတယ်။ 

အနည်းဆုံး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ် ပြည်သူ့လုံခြုံရေးညွှန်ကြားရေးမှူး ကပြောကြားခဲ့ပါတယ်။ လူ ၅ ယောက်စလုံးဟာ အသက်အန္တရာယ်မရှိကြပါဘူး လို့ ဆိုပါတယ်။ 

ဒုတိယ လေဆင်နှာမောင်းကတော့ ဆိုလီဘယ်ရီမြို့မှာ တချိန်တည်းလိုလို ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ 

2 years Ago
Up