close

ပန်ဆောင်မြို့နယ်

close

April 7, 2023

နာဂဒေသ ပန်ဆောင်မြို့နယ် သောက်သုံးရေအတွက် ရေတွင်းတူးဖော်ရန် အကူအညီလိုအပ်

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပန်ဆောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ရေတွင်းမရှိတာကြောင့် ဆောင်းနဲ့ နွေရာသီမှာ နှစ်စဥ်လိုလို ရေရှားပါးမှုဒဏ်ကို အကြီးအကျယ် ခံစားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ထဟော ၂ ရွာသားတစ်ဦးက “ခုလိုနွေရာသီဆိုရင် ပန်းကန်ဆေးရေတောင် အနိုင်နိုင်ပဲ။ အနည်းဆုံး ၅ မိုင်လောက်ဝေးတဲ့ချောင်းတွေထိ အသွားအပြန် ၁ နာရီခွဲလောက်သွားခပ်ရတယ်" လို့ ပြောပါတယ်။

ရေပုံး ဝါးကျည်တောက်တွေနဲ့သွားထမ်းရတာဖြစ်ပြီး အဝတ်လျှော်ဖို့အတွက်လ်း  နွေနေပူမှာ တောင်တက်တောင်ဆင်းသွားရတယ်လို့ဆိုပါတယ်။ တောင်ပေါ်မှာတည်ထားတဲ့ ရွာတွေဖြစ်လို့ ရေတွင်းတူးဖို့လည်း အခက်အခဲရှိနေပါတယ်။

ဝပ်ထမ်းကျေးရွာကတော့ ရေလှောင်ကန်နဲ့ ရေသွယ်စရာရှိလို့ တခြားရွာတွေလောက် ဒုက္ခမရောက်ဘူးလို့ဆိုနိုင်ပေမယ့် စိမ့်ရေတွင်းငယ်လေးတွေကို အဓိကအားထားရတဲ့ ပန်ဆောင်အထက်ရွာ အလယ်ရွာတွေကမိုးတွင်းမှာတောင် ရေအခက်အခဲရှိကြောင်းသိရပါတယ်။

စိမ့်ရေတွင်းတွေကလည်း မနက်စောစောထခပ်ရပြီး ညနေမှတခါ ရေပြန်ခပ်လို့ရတာဖြစ်ပေမဲ့ ၄ နာရီပတ်ဝန်းကျင်မှာဆို စိမ့်ရေတွေရဖို့ မနက်ထိပြန်စောင့်ရတယ်လို့ ပန်ဆောင်အထက်ရွာက ဒေသခံတွေက ပြောပါတယ်။

ဒီလိုအခက်အခဲတွေနှစ်စဥ်ကြုံတွေ့ရပေမယ့် အဆိုပါကျေးရွာတွေကို ဘယ်အဖွဲ့အစည်းမျိုးကမှ ရေရရှိရေး ကူညီဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။

10 mins Ago
Up