close

ပန်းချီ

close

July 2, 2022

နွေဦးတော်လှန်ရေးရန်ပုံငွေ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုပြပွဲ အော်စလိုမြို့တွင်ကျင်းပ (ဓာတ်ပုံ)

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် မြန်မာ့အနုပညာနဲ့ ယဉ်ကျေးမှုပြပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ  ဇူလိုင် ၂ ရက်က ဒေသစံတော်ချိန် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပပါတယ်။

ဒီပြပွဲမှာ ပြည်တွင်းပြည်ပက မြန်မာပန်းချီဆရာတွေရဲ့ ရေဆေးပန်းချီ၊ ဆီဆေးပန်းချီနဲ့ ရိုးရာကျောက်ပန်းချီတွေကို ခင်းကျင်းပြသရောင်းချထားပါတယ်။

မြန်မာ့ရိုးရာ အစားအသောက်တွေလည်း ရောင်းချပေးထားသလို အကတွေ၊ တော်လှန်ရေးတေးသီချင်းတွေနဲ့လည်း သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

ပန်းချီကားတွေကိုတော့ အခုပြပွဲမှာသာမက အွန်လိုင်းကနေလည်း ရောင်းချပေးသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

9 hours Ago
Up