close

ပန်းဆန်တံတား

close

October 30, 2021

ပခုက္ကူမြို့နယ်၊ ပေါက်-ကျောက်ထုကားလမ်းပေါ်က ပန်းဆန်တံတား မိုင်းခွဲဖျက်ဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပေါက်-ကျောက်ထုကားလမ်းပေါ်ရှိ မဟာဗျူဟာအရ အရေးပါတဲ့ ပန်းဆန်တံတားကို အောက်တိုဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ဒေသခံတဦးက ''တံတားကတော့ ထိခိုက်ပျက်ဆီးသွားပြီး ကားတွေတော့ ဖြတ်သန်းလို့ မရတော့ဘူးပေါ့'' လို့ ပြောပြပါတယ်။

တံတားဗုံးခွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က  ပြုလုပ်တယ်ဆိုတာတော့ ထုတ်ပြန်ကြေညာထားတာတော့ မတွေ့ရသေးပါဘူး။

အခုရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ယောဒေသဘက်ကို စစ်တပ်အင်အားတွေ ထပ်မံ တိုးချလာနိုင်ကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရ ပါတယ်။

ဓာတ်ပုံ - ပန်းဆန်တံတားထိခိုက်ပျက်စီးမှု

12 hours Ago
Up