close

ပန်းဆိုးတန်း-ဒလ

close

December 18, 2022

ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်၊ ၁၃ ဦး ဒဏ်ရာရ

ပန်းဆိုးတန်း နဲ့ ဒလဘက် ပြေးဆွဲနေတဲ့ အမှတ် ၂ ချယ်ရီကူးတို့ သဘော်ပေါ်မှာ ဒီကနေ့ ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒလမြို့ခံတွေက ပြောပါတယ်။

ပန်းဆိုးတန်းမှ ဒလဘက်ပြန်ထွက်တဲ့ အမှတ် ၂  ချယ်ရီကူးတို့သင်္ဘောပေါ်မှာ ဒီကနေ့ ညနေ ၆ နာရီ မိနစ် ၄၀ လောက် ဗုံးပေါက်ကွဲခဲ့တာလို့ ဒလမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အမှတ် ၂ ချယ်ရီသင်္ဘောပေါ်ပေါက်တာ၊ လူနာတင်ကားတွေနဲ့ လာသယ်တာအများကြီးပဲ၊ ရန်ကုန်ဆေးရုံကြီးကိုပို့တယ်။ အခုကတော့ စစ်ဆေးတာတွေ တအားလုပ်နေတာ စစ်တပ်က။" 

လက်တလောမှာ ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပရဟိတအဖွဲ့တွေက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"၁၃ ဦးဒဏ်ရာရတာတော့ သိတယ်။ ကျား၊ မ ဦးရေတော့ အတိအကျမသိဘူး။ သေချာတာက ၁၀ ဦးထပ်မနည်းပဲ။ အခု ပန်းဆိုးတန်း နဲ့ ဒလမှာရော၊ ဒလဘက်မှာပါ စစ်ဆေးတာတွေလုပ်နေတယ်။"

ကူးတို့သင်္ဘောပေါ် ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ရန်ကုန်က မြို့နယ်အချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၇ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ၁၇ ကြိမ်ဖြစ်ခဲ့ပြီး ၁ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

9 hours Ago
Up