close

ပန်းတနော်မြို့

close

November 15, 2021

ပန်းတနော်မြို့တွင် အုပ်ချုပ်ရေးမှူးရုံး ဗုံး ၂ ကြိမ်ပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ရှိ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ နိုဝင်ဘာ ၁၅ ရက်နေ့က  ဗုံး ၂ ကြိမ် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာတော့ မရှိပါဘူး။ 

အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနက် ၉ နာရီနဲ့ ၉ နာရီခွဲကြားမှာ ဗုံး ၂ ကြိမ် ပေါက်ကွဲသံကြားရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံး ၂ လုံးက သိပ်မကွာဘူး၊ ၁၀ မိနစ်လောက်ပဲကွာမယ်၊ ဒါပေမဲ့ လူထိခိုက်တာမျိုးတော့ မရှိဘူး။ ပန်းတနော်က ငြိမ်နေတာကြာပြီ။ အခုမှပြန်ဖြစ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲ ဗုံးပေါက်ကွဲတာဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးသလို ဖမ်းမိတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲ ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

10 mins Ago

August 2, 2020

ပန်းတနော်မြို့အနီး ဓားထောက်ပြီး ဆိုင်ကယ်လုယက်ခဲ့သူ ၂ ဦးကို ရဲတပ်ဖွဲ့ ရှာဖွေနေ

ပန်းတနော်မြို့အနီး ရန်ကုန်-ဝါးခယ်မကားလမ်းမှာ ဓားနဲ့ခြိမ်းခြောက်ပြီး ဆိုင်ကယ်လုယက်ခဲ့သူ ၄ ဦးထဲက ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးအား ဖမ်းဆီးမိရေး ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မှင်ပတောကျေးရွာအနီး ရန်ကုန်-ဝါးခယ်မကားလမ်းပေါ်မှာ ဇူလိုင် ၃၀ ရက် ည ၉ နာရီလောက်က ညောင်းတုန်းမြို့နယ်၊ မဲဇလီဒလကျေးရွာနေ ကိုဖိုးခွား နဲ့တရွာတည်းနေ ဒေါ်ခင်မာဦးတို့ နှစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို လူငယ်လေးဦးက ရှေ့ကတားပြီး ဓားထောက် လုယက်ခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ဆိုင်ကယ်အား ဓားထောက်လုယက်စဉ် မခင်မာဦးက ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းတာကြောင့် စကေဘာဓားကိုင် လူငယ်က မခင်မာဦးရဲ့ နောက်ကျောအား ထိုးခဲ့လို့ ဝဲလက်ပြင်ထိုးသွင်းဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။ ဒါ့အပြင် မခင်မာဦးအား လူငယ် ၄ ဦးက လမ်းခင်းကျောက်တွေနဲ့ ထုခဲ့တာကြောင့် နဖူး၊ ပါးပြင်၊ အောက်နှုတ်ခမ်းတို့မှာ ဖူးရောင်ဒဏ်ရာရရှိခဲ့တယ်လို့ ခနွဲကဘိုနယ်မြေရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။ စကေဘာဓားနဲ့ အကြမ်းဖက်လုယက်ခဲ့တဲ့ မောင်သျှားထက်(ခ) ဒုသံ(ခ) ကျော်ထက်အောင်နဲ့ အံ့ဖွယ်ထွန်း တို့ ၂ ဦးကို ဖမ်းမိထားပြီး ကျန်ရှိ တရားခံ ၁ ဦးကို အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြိး ခနွဲကဘိုနယ်မြေရဲစခန်းမှာ  (ပ)၇၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၂၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ-အောင်သန်းဌေး(ဧရာဝတီတိုင်းမ်)
1 year Ago
Up