close

ပရကျုပ်ခီရီခန်

close

November 17, 2021

ထိုင်းနိုင်ငံ ပရကျုပ်ခီရီခန်တွင် တရားမဝင် မြန်မာ ၈၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူပ်ခီရီခန်ခရိုင်၊ ပရကျူပ်မြို့နယ် ခလောင်းဝပ်အုပ်စု လိုက်ခလော့ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၆ ရက်က  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၆ ဦး ဖမ်းဆီးခံရပါတယ်။ 

မြန်မာနိုင်ငံကနေ ထိုင်းကိုအလုပ်လုပ်ဖို့လာတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသား ၅၂ ယောက် အမျိုးသမီး ၃၄ ယောက် စုစုပေါင်း ၈၆ ယောက်ကို ဖမ်းဆီးရမိကြောင်း ထိုင်းတော်ဝင်တပ်ဖွဲ့ Army PR Center က ထုတ်ပြန်ပါတယ်။

စစ်ဆေးမေးမြန်းချက်အရ ဖမ်းမိသူတွေဟာ ထားဝယ်၊ ပဲခူး၊ နေပြည်တော် စတဲ့ဒေသကလာပြီး ဘန်ကောက်၊ စမွတ်စခွန်း၊ နခွန်းပထုံ၊ ပရကျူပ်ခီရီခန်နဲ့ ချွန်းပူးရီးခရိုင်မှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၇၀၀၀ စီပေးပြီး ဝင်ရောက်လာတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို အပူချိန်တိုင်းပြီး လ.ဝ.က ဥပဒေအရဆက်လက်အရေးယူဖို့ ပရကျုပ်ခီရီခန်နယ်မြေရဲစခန်းကို ပို့ဆောင်လိုက်ကြောင်း သတင်းမှာဖော်ပြပါတယ်။ 

1 min Ago
Up