အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုရဲ့ခြေစွမ်းကို ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူ တွေကချီးကျူးနေကြပါတယ်။
ဂျေဆုဟာ မနေ့ညက ဘုန်းမောက်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ အသင်းရဲ့ အဖွင့်ဂိုး ၂ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့တာပါ။
အိုဒီဂတ်သွင်းယူခဲ့တဲ့ ပထမဦး ဆောင်ဂိုးဟာ ဂျေဆုရဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ ပြိုင်ဘက်ကစားသမားတွေကို လှည့်စားသွားနိုင်မှုအပေါ် ဂယ်ရီလိုင်နီကာနဲ့ ဂျေမီရက်ဒ်နပ်တို့က တခုတ်တရချီးကျူးပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာကတော့ အာဆင်နယ်ရဲ့ပထမဂိုးဟာ အိုဒီဂတ်သွင်းယူခဲ့တာဖြစ်ပေမယ့် အားလုံးလုပ် ဆောင်ခဲ့တာက ဂျေဆုဖြစ်ပြီး လီယွန်နယ်မက်ဆီလို ကစားပုံနဲ့ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ကြောင်း တွစ်တာကနေချီးကျူးပါတယ်။
ဂျေမီရက်ဒ်နပ်ကတော့ ဂျေဆုဟာ လျှပ်စီးတစ်ခုလိုလျင်မြန်တဲ့အပြင် သန်မာမှုလည်းရှိတာကြောင့် အသင်းကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူလို့ ချီးကျူးခဲ့ပါတယ်။
အာဆင်နယ် ပရိသတ်တွေကတော့ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ အသစ်တဖန်ပြန်လည် မွေးဖွားလာပြီလို့ ညွှန်းဆိုကြပါတယ်။