close

ပရိသတ်များ ဆန္ဒပြမည်

close

February 26, 2022

ယူကရိန်းနှင့်အတူ ရပ်တည်ကြောင်း အဲဗာတန်ပရိသတ်များ ဆန္ဒပြမည်

ဖေဖော်ဝါရီ ၂၆ ရက် ဒီကနေ့ညမှာ မန်စီးတီးနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည် ကြောင်း ဆန္ဒပြဖို့ အဲဗာတန်ပရိသတ်တွေက စီစဉ်ထားပါတယ်။ 

အဲဗာတန်အသင်းမှာ ယူကရိန်းနောက်ခံလူ မိုင်ကိုလန်ကို ပါဝင်ကစားနေပြီး မန်စီးတီးအသင်းမှာ လည်း ယူကရိန်းနောက်ခံလူ ဇန်ချင်ကို ပါဝင်လာဖို့ရှိပါတယ်။ 

အဲဒီပွဲစဉ်မှာ အဲဗာတန်ပရိသတ်တွေဟာ နောက်ခံလူ မိုင်ကိုလန်ရဲ့ပုံ ပါဝင်တဲ့ ပိုစတာပေါ်မှာ ‘ငါတို့ဟာ ယူကရိန်းနဲ့အတူရပ်တည်တယ်’ ဆိုတဲ့ စာသားရိုက်နှိပ်ပြီး ဆန္ဒထုတ်ဖော်သွားကြမှာ ဖြစ်ပါတယ်။ 

အဲဗာတန်နောက်ခံလူ မိုင်ကိုလန်ဟာ သူ့ရဲ့မိသားဝင်တွေဟာ ယူကရိန်းမှာ ခက်ခဲတဲ့ အခြေအနေ ရင်ဆိုင်နေရကြောင်း အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။ 

နည်းပြလမ်းပတ်ကတော့ မိုင်ကိုလန်အတွက် လိုအပ်တာတွေကို အသင်းက ကူညီအားပေးနေပြီး အဆင်ပြေနေတယ်လို့ ပြောထားပါတယ်။ 

အဲဗာတန်အသင်းအပြင် တခြားပရီးမီးယားလိဂ်အသင်းတွေနဲ့ ကစားသမားတွေဟာလည်း ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ပြသဖို့အတွက် စီစဉ်နေကြတယ်လို့ သိရပါတယ်။

20 seconds Ago
Up