အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်အသင်းက စိန်ခေါ်နိုင်စွမ်းရှိကြောင်း နည်းပြဟောင်း အာစင်ဝင်းဂါးက မှတ်ချက်ပေးသွားပါတယ်။
အာဆင်နယ်ဟာ ပွဲစဉ် ၆ အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ အာဆင်နယ်အသင်းဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပြီး အသင်းလူစာရင်းမှာ အားနည်းတဲ့နေရာ မတွေ့ရကြောင်း ချီးကျူးပါတယ်။
တခြားပြိုင်ဘက်အသင်းတွေဟာလည်း အရင်နှစ်တွေကလောက် အပြတ်အသတ် အသာရတဲ့အသင်း မရှိတာကြောင့် အာဆင်နယ်ဟာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိကြောင်း အာစင်ဝင်းဂါးက ပြောပါတယ်။
နည်းပြဟောင်း အာစင်ဝင်းဂါးက “ကျနော်တို့က ထိပ်ဆုံးလေးသင်းနေရာ အမြဲတမ်းရှိနေခဲ့ပြီး ဘာလို့ ဒီလိုထပ်မဖြစ်နိုင်ရမှာလဲ။ သူတို့ဟာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တယ် ဆိုတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူတို့လုပ်ပြနိုင်မယ်လို့လည်း ကျနော် မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း လိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၁၈ နှစ်လောက် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူး၊ မန်စီးတီးအသင်းတွေကို စိန်ခေါ် နိုင်လိမ့်မယ်လို့ စီးတီးတိုက်စစ်မှူးဟောင်းအဂွဲရိုးကပြောပါတယ်။
Stake.com နဲ့ အင်တာဗျူး အစီအစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်ပြီးသုံးသပ်ရာမှာ အာဆင်နယ်အသင်းရဲ့ခြေစွမ်းကိုပါ ချီးကျူးပြောသွားတာပါ။၏
ချန်ပီယံဆုအတွက် မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကို ရွေးချယ်ရမှာ ဖြစ်ပြီး အာဆင်နယ်ကိုလည်း အဲဒီစာရင်းမှာထည့်သွင်းချင်ကြောင်း အဂွဲရိုးကပြောပါတယ်။
အာဆင်နယ်ရဲ့ ခြေစွမ်းအမှန်ကို စောင့်ကြည့်ရဦးမှာဖြစ်ပေမဲ့ နည်းပြအာတေတာရဲ့လက်အောက်မှာ ခမ်းနားတဲ့စီမံကိန်းနဲ့သွားနေပြီး ဒီရာသီမှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ အဂွဲရိုးကပြောပါတယ်။
အဂွဲရိုးဟာ မန်စီးတီးမှာကစားစဉ်က အဲဒီတုန်းက အသင်းလက်ထောက်နည်းပြ အာတေတာနဲ့ ရင်းနှီး တဲ့ဆက်ဆံရေးရှိသူပါ။ ဒါ့အပြင် မန်စီးတီးတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ဟာလည်း အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်မယ့်သူလို့ အဂွဲရိုးက ပြောပါတယ်။