close

ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း

close

April 23, 2023

ချဲလ်ဆီးကွင်းလယ်လူ ကိုဗာချစ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများဆီ ပြောင်းရွှေ့ရန် အေးဂျင့်ပြင်ဆင်

ချဲလ်ဆီးကွင်းလယ်လူ ကိုဗာချစ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဆီပြောင်းရွှေ့ဖို့ ကစားသမားရဲ့ဂျင့်ဖြစ်သူက ပြင်ဆင်နေပါတယ်။ 

ခရိုအေးရှားကွင်းလယ်လူဟာ ချဲလ်ဆီးနဲ့ ၁၂ လစာချုပ်သက်တမ်းသာကျန်ရှိတော့ပြီး စာချုပ်သက်တမ်းတိုးဖို့ မသေချာသေးပါဘူး။ 

ကိုဗာချစ်ရဲ့အေးဂျင့်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကိစ္စအပေါ် ဆွေးနွေးမှာဖြစ်ပေမဲ့ တခြား တဘက်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေနဲ့ စကားပြောဆိုဖို့ စီစဉ်ထားတာပါ။  

ကိုဗာ ချစ်ကို မန်စီးတီး၊ မန်ယူနဲ့ လစ်ဗာပူးအသင်းတွေကလည်း ခေါ်ယူလိုကြောင်း သတင်းထွက်နေတာပါ။ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့ရင်တော့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်း ဆီကိုပြောင်းရွှေ့ဖို့ရှိနေတယ်လို့သိရပါတယ်။

14 seconds Ago
Up