close

ပလပ်စတစ်အမှိုက်

close

September 6, 2021

ထိုင်းတွင် ပလပ်စတစ်အမှိုက်ဖြင့် PPE ဝတ်စုံချုပ်လုပ်

ထိုင်းနိုင်ငံမှာ ပလတ်စတစ်အမှိုက်တွေကို တကိုယ်ရေကာကွယ်ရေး PPE ဝတ်စုံအဖြစ် တန်ဖိုးမြှင့် ပြောင်းလဲ အသုံးပြု နေပါတယ်။

ထိုင်းနိုင်ငံ ရယွန်မြို့အတွင်း အထည်ချုပ်စက်ရုံတစ်ရုံမှာ ပလတ်စတစ်ပုလင်း သန်းချီကနေ ထုတ်ထားတဲ့ ချည်မျှင်တွေကို သုံးပြီး ရေစိုခံအထည်စချုပ်လုပ် နေတာပါ။

အဲဒီ အထည်စတွေကို သုံးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ဖို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံတွေမှာ သုံးတဲ့ တကိုယ်ရေကာကွယ်ရေး PPE ဝတ်စုံတွေ ချုပ်လုပ်နေပါတယ်။

ဒါဟာ PPE ဝတ်စုံ ရှားပါးလာနေပြီး ပလတ်စတစ်အမှိုက် ပေါများတဲ့ ထိုင်းနိုင်ငံ အတွက် ဒီဝတ်စုံဟာ အထောက်အကူ ပြုနေပါတယ်။

ဒီPPE ဝတ်စုံဟာ ဖုန်မှုန့်တွေ မဝင်နိုင်အောင်ဟန့်တားနိုင်ပြီး ဗိုင်းရပ်စ်နဲ့ မထိတွေ့အောင် ကာကွယ်ပေးတယ်လို့ ထိုင်းတက်ဖ်ဖှေတာ ချည်မျှင်ကုမ္ပဏီရဲ့ အရောင်းနဲ့ ဈေးကွက်မြှင့်တင်ရေးဌာန အကြီးအကဲ အာနုဖတ် ချွန်ပူမင်က ပြောပါတယ်။

ဒီကုမ္ပဏီဟာ ကမ္ဘာတဝန်းက နိုင်ငံတကာမှာ လူသိများတဲ့ အထည်အမှတ် တံဆိပ် အမျိုးမျိုးအတွက် ပလတ်စတစ်ပုလင်းတွေကို တာရှည်ခံ အထည်စတွေ ဖြစ်အောင် တန်ဖိုးမြှင့် ပြောင်းလဲ ထုတ်လုပ်နေတာ ကြာပါပြီ။

ဆရာဝန်တွေကို ပံ့ပိုးရာမှာ ကူညီဖို့ မနှစ်က ဇွန်လက စပြီး ပလတ်စတစ် ပုလင်းတွေကနေ PPE အတွက် အထည်စတွေ စထုတ်ခဲ့ပါတယ်။

ခုချိန်ထိ ပလတ်စတစ် ပုလင်း ၁၈ သန်းကနေ ပိတ်စ ကိုက် ၃ သန်း ထုတ်သုံးပြီးပြီလို့ အာနုဖတ်က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ချိန်ကနေ ခုထိ စုစုပေါင်း ကူးစက်ခံ ဦးရေ ၁ ဒသမ ၃ သန်း ကျော်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၁၃၀၀၀ ကျော်နေပြီလို့ ကမ္ဘာ့စစ်တမ်းတွေကို ပြုစုထုတ်ပြန်ရာ Worldometer အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။

7 mins Ago
Up