close

ပလိပ်မြို့ အုပ်ချုပ်ရေးမှူး

close

October 28, 2021

ပလိပ်မြို့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ အုပ်ချုပ်ရေးမှူး အောက်တိုဘာ ၂၈ ရက် မနက် ၇ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

အသက် ၅၅ နှစ်ဝန်းကျင်ရှိ ပလိပ်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို ထောက်ခံစာ လာရောက်ယူတဲ့ ပုံစံနဲ့ အိမ်ထဲထိ ဝင်ပစ်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

“ပစ်ခံရတဲ့ အုပ်ချုပ်ရေးမှူးက အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း မဲနဲ့ အနိုင်ရတဲ့ အုပ်ချုပ်ရေးမှူး၊ အခု စစ်ကောင်စီ လက်ထက်မှာလည်း အုပ်ချုပ်ရေးမှူး ဆက်ခန့်ထားတာ။ သူကလည်း နုတ်ထွက်တာမရှိဘူး” လို့ ပလိပ်မြို့ခံတစ်ဦး က ပြောပါတယ်။

ပလိပ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို LPDF စဉ့်ကိုင် နဲ့ အမည်မဖော်လိုသော မြို့ပြပြောက်ကျားတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

2 mins Ago
Up