close

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)

close

May 31, 2021

အကြမ်းဖက်စစ်အုပ်စုနှင့်မပူးပေါင်းရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ကို တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ဟာ ပအိုဝ်းအမျိုးသားတရပ်လုံးကို ကိုယ်စားမပြုကြောင်း ပြည်တွင်း ပြည်ပမှာရှိတဲ့  ပအိုဝ်းလူငယ်  ၁၁ ဖွဲ့က မေလ ၃၀ ရက်မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဟာ လက်ရှိနိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပြီး ပအိုဝ်းအမျိုးသားတရပ်လုံးကို ကိုယ်စားမပြုသလို (PNO/PNA)အနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ရပ်တွေကိုလည်း ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်‌‌ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကာ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက် ရပ်တည်သွားမယ်လို့ ပအိုဝ်းလူငယ်က ကတိပြုထားပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ပအိုဝ်းခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ ပအိုဝ်းလူမျိုးအခြေပြုတပ်မတော်တွေအနေနဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီရေးအတွက် ညီနောင်တိုင်းရင်းသား ပြည်သူလူထုဘက်ကရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။

49 mins Ago

January 13, 2021

အန်အယ်လ်ဒီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်အဖွဲ့နဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့  ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ မွန်းလွဲပိုင်းက  ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီပါတီရုံးမှာ  တွေ့ဆုံခဲ့ပါတယ်။

ဒေါက်တာ အောင်မိုးညိုခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့နဲ့    ဥက္ကဋ္ဌ ခွန်စံလွင်ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီတာဝန်ရှိသူတွေ မွန်းလွဲ ၃ နာရီလောက်က တွေ့ဆုံခဲ့တာလို့ PNO က သတင်းထုတ်ပြန်ထားပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြခြင်းမရှိပါဘူး။

ရှမ်းပြည်နယ်မှာ ပြည်နယ်လွှတ်တော် ၇ နေရာ၊ ပြည်ထောင်စုလွှတ်တော်မှာ ၄ နေရာ အနိုင်ရထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ခွန်သိန်းဖေက “ကျနော်တို့က နေရာပြဿနာမရှိဘူး။ အဓိကကတော့ ရလဒ်ပဲ။”လို့  ပြောပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ညနေပိုင်း ၄ နာရီခွဲလောက်မှာ တအာင်း(ပလောင်)အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးညီစိန်၊ အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင်တို့နဲ့ တောင်ကြီးမြို့ရှိ အန်အယ်လ်ဒီပါတီရုံးမှာပဲ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဖို့   ဖိတ်ကြားခံထားရတဲ့ တအာင်း(ပလောင်)အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင်က   အန်အယ်လ်ဒီ ပါတီ  ဖိတ်တဲ့  နေရာမှာတွေ့ဆုံမှာ ဖြစ်တယ်လို့ ဒီဗွီဘီကို   ပြောထားပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဒေသခံတိုင်းရင်းသားပါတီ တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နယ်လှည့်သွားရောက်နေတာဖြစ်ပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး မွန်ညီညွတ်ရေး ပါတီနဲ့တွေ့ဆုံဖို့ မွန်ပြည်နယ်ကိုရောက်ရှိချိန်မှာတော့ တွေ့ဆုံမယ့်နေရာညှိနှိုင်းမရလို့ ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက် မနေ့ကလည်း  လွိုင်ကော်မြို့မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် နေရာပြဿနာကြောင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပါဘူး။

PHOTO-PNO

 
5 months Ago
Up