close

ပါကစ္စတန်မြောက်ပိုင်း

close

July 31, 2022

ပါကစ္စတန်မြောက်ပိုင်းတွင် ရေကြီး

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ချာဆက်ဒါမြို့မှာ ဇူလိုင် ၃၀ ရက်က ရေကြီးရေလျှံပြီး လမ်းဘေးဈေးသည်တွေ ခြေကျင်းဝတ်အထိ နက်တဲ့ရေထဲ သွားလာနေတာကို ဒေသခံတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။

ရေကြီးလို့ ဈေးဆိုင်တချို့ ပျက်စီးသွားတယ်လို့လည်း ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

မုတ်သုံရာသီဟာ ပါကစ္စတန်ရဲ့ အခြားဒေသတွေကိုပါ ထိခိုက်ခဲ့တာဖြစ်ပြီး အနောက်တောင်ပိုင်းက ဘာလိုချီစတန်ပြည်နယ် နေရာအနှံ့အပြားမှာလည်း  ဇူလိုင် ၂၉ ရက်က ရေနစ်မြုပ်ခဲ့ပါတယ်။

ပြည်နယ်ထဲက ရေဘေးသင့်ခရိုင်တွေ တစ်ဝိုက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့  ရဟတ်ယာဉ်တွေကို ဇူလိုင် ၂၉ ရက်မှာ ဖြန့်ကျက်ချထားခဲ့ပါတယ်။

မုတ်သုံရာသီအစက စပြီး မိုးသည်းထန်နေလို့ လူ ၃၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့လည်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ရေတပ်သားတွေဟာ နစ်မြုပ်နေတဲ့ အိမ်တွေနားက ရဟတ်ယာဉ်ပေါ်ကနေ လူတွေအတွက် ရိက္ခာတွေ ဝေငှပေးနေတာကို တွေ့ခဲ့ရပါတယ်။ 

သောင်တင်နေတဲ့ အမျိုးသမီး တစ်ဦးအပါအဝင် လူ ခုနစ်ဦးကိုလည်း ဘေးလွတ်ရာဆီ ရွှေ့ပို့ပေးခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြ ပါတယ်။

ပါကစ္စတန်ရေတပ်က ထုတ်ပြန်ချက်ထဲမှာ လမ်းတွေနဲ့ တံတား အများစု ရေထဲမျောပါသွားလို့ ဘာလိုချီစတန်နဲ့ မြေပြင် အဆက်အသွယ် ပြတ်တောက်လုနီးပါးဖြစ်သွားတယ်လို့ ပြောပါတယ်။

မကြာသေးခင်က မုတ်သုံမိုးရွာသွန်းမှုကြောင့် ဘာလိုချီစတန်ပြည်နယ်ဟာ ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး အခုနှစ်ထဲမှာ ထူးထူးခြားခြား မိုးရွာခဲ့ပါတယ်။

1 min Ago
Up