close

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း

close

May 13, 2023

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အာမခံဖြင့် ပြန်လွှတ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အစ္စလာမာဘတ်တရားရုံးချုပ်က  ၂ ပတ်အာမခံနဲ့  ပြန်လွှတ်ပေးလိုက်ပါတယ်။

မစ္စတာခန်းဟာ မြေယာလိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေနဲ့ မေလ ၉ ရက်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံတဝန်း အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကာ အကြမ်းဖက်မှုတွေကြောင့် လူ  ၁၀ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရခဲ့ ကြပါတယ်။

မစ္စတာခန်းဟာ သူ့ကိုယ်ပိုင်လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဧည့်ခန်းမဆောင်မှာ တစ်ညအိပ်ခဲ့ရပေမဲ့ တရားရုံးက နောက်ပိုင်းမှာ ဥပဒေမဲ့ဖမ်းဆီးခံရတာဆိုပြီး လုပ်ငန်းစဉ်ကို နောက်ဆုတ်ဖို့အမိန့်ချခဲ့ ပါတယ်။

သူရဲ့ဖမ်းဆီးမှုကို ဆက်လက်လုပ်ဆောင်ဖို့ ကနဦးဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့ အစ္စလာမာဘတ်  အထက်လွှတ်တော်က အောက်လွှတ်တော်ကိုတောင်းဆိုခဲ့ပါတယ်။

မစ္စတာခန်းက "သူတို့က ကျနော့်ကို ဖမ်းဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်မရှိဘူး။ ကျနော်ပြန်ပေးဆွဲခံရတာ။‌ တောတွင်း ဥပဒေသလိုပဲ"လို့ The Independent သတင်းစာကို ပြောပါတယ်။

ဝန်ကြီးချုပ်ရှဘတ်ဇ်ရှရိဖ်က မစ္စတာ ခန်းဟာ အကျင့်ပျက်ခြစားမှုကြီးရှိတယ်လို့ မေလ ၁၂ ရက် က တရားရုံးချုပ်ကို တင်ပြခဲ့ပါတယ်။

မစ္စတာခန်းဟာ အဂတိလိုက်စားမှုအများအပြားမှာ အလားတူတရား သူကြီးတွေကို အကာကွယ်ပေးရေး သူရဲ့ရှေ့နေတွေနဲ့ အသနားခံစာတင်ခဲ့ပြီး အစိုးရက သူ့ကိုထပ်ဖမ်းဆီးနိုင်တဲ့ တရားဝင်လမ်းကြောင်းကို ပိတ်ဖို့ ကြိုးစားနေပါတယ်။

နိုင်ငံတကာ ခရစ်ကတ်ကစားသမားဟောင်းလည်းဖြစ်တဲ့ မစ္စတာခန်း အဖမ်းခံရတာကို ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး မာရီရန်မ် အေရောင်ဇက်ဘ်က ကာကွယ်ပြောဆိုပေးထားပါတယ်။

သီတင်းပတ် အစောပိုင်းက အသက် ၇၀ အရွယ် လူသိများတဲ့ အတိုက်အခံခေါင်းဆောင် အင်မ်ရန်ခန်းကို အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ ပါကစ္စတန်နိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Source -Sky News

13 mins Ago

May 10, 2023

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဖမ်းဆီးခံရပြီးနောက် နိုင်ငံတဝန်း ဆန္ဒပြ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီတခုက အစ္စလာမ္မာဘတ် အထက်တရားရုံးမှာ ဖမ်းဆီးခဲ့ပြီးနောက် ပါကစ္စတန်တဝန်းမှာ မေလ ၉ ရက်က ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ထောက်ခံသူတွေဟာ ခန်းရဲ့မွေးရပ်မြေ လာဟိုးရ်မှာရှိတဲ့ လမ်းတွေကို ပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့ကိုလည်း သတိပေး တပ်လှန့်ထားပါတယ်။

ဆန္ဒပြသူတွေဟာ ကရာချိဆိပ်ကမ်းမြို့ရှိ အဓိကလမ်းမကြီးကိုလည်း ပိတ်ဆို့ခဲ့ကြောင်း ရိုက်တာ မျက်မြင်သက်သေတွေက ပြောပါတယ်။

စံချိန်တင် ငွေကြေးဖောင်းပွမှုနဲ့ အားအနည်းဆုံး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကနေ သာမန် ပါကစ္စတန်လူမျိုးတွေ ပြန်လည်ရုန်းထလာချိန်မှာ ခန်းကို ဖမ်းဆီးခဲ့တာပါ။

အမျိုးသား တာဝန်ယူမှု/တာဝန်ခံမှု ဗျူရို (NAB) က ခန်းရဲ့ဖမ်းဝရမ်းကို မေလ ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့တာကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။

ခန်းကို စွပ်စွဲထားတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက် အတိအကျကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း မြို့တော်မှာ သူ့ကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က လာမဖမ်းခင်လေးမှာပဲ ထောင်ထဲသွားဖို့ အဆင်သင့်ပဲလို့ မနေ့က သူ့ရဲ့ ပီတီအိုင်ပါတီကနေ လူမှုမီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။

3 days Ago
Up