close

ပါဆယ်စနစ်

close

June 19, 2021

လားရှိုးတွင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် သတ်မှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်လာတာကြောင့် ဆိုင်ထိုင်စနစ်နဲ့ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေအားလုံး ဇွန်လ ၁၉ ရက်ကစပြီး ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့သတ်မှတ်လိုက်ပါတယ်။

ဒါ့အပြင် မြို့ပေါ်နေရာ တချို့မှာလည်း အသွားအလာကန့်သတ် လော့ဒေါင်း ထပ်တိုး ချလိုက်ပြီလို့  လားရှိုး  Covid - 19  Operation Team ကနေသိရပါတယ်။

ပိုးတွေ့လူနာ အခြေအနေကြောင့် လားရှိုး ဘူတာဈေးကြီးနဲ့ ဘူတာညနေပျံကျဈေးတွေကိုလည်း ဇွန်လ ၁၉ ရက်မှ ဇွန်လိုင်လ ၂ ရက်နေ့အထိ ၁၄ ရက်တိတိ ယာယီပိတ်ထားလိုက်ပါတယ်။

ထပ်တိုး ပိုးတွေ့လူနာတွေ တွေ့ခဲ့တဲ့ လားရှိုးမြို့မဈေး ကုန်းစိမ်းဘက်အခြမ်း ပန်းတန်း၊ ကျူလီယာတန်းနဲ့ စားသောက်တန်းတွေ ဖြစ်တဲ့ ကုန်စိမ်းရုံကိုလည်း ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ၁၄ ရက် Lockdown ချထားပါတယ်။

ယခု ရက်ပိုင်းအတွင်း အနံ့ပျောက်သူတွေ ပိုများလာပြီးအများစုကို RDT နဲ့ စစ်ဆေးချက်အရ ဇွန်လ ၁၈ ရက်နေ့ ၁ ရက်တည်း လားရှိုးမှာ ပိုးတွေ့လူနာ ၁၆ ဦး ထပ်တိုးလာခဲ့ပြီး PCR နဲ့ ထပ်မံ စစ်ဆေးဖို့ စီစဉ်နေ​ကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇွန်လ ၈ ရက်မှ ဇွန်လ ၁၈ ရက်နေ့အထိ ပိုးတွေ့လူနာ လားရှိုးမြို့နယ်မှာ ၁၀၃ ဦးရှိပြီး လားရှိုး ရပ်ကွက် ၄ နဲ့  ၅ မှာ အများဆုံး တွေ့ရတာဖြစ်ပါတယ်။

2 weeks Ago

September 12, 2020

မကွေးတိုင်းအတွင်း စားသောက်ဆိုင်များ ပါဆယ်စနစ် ရောင်းချရန် ညွှန်ကြား

မကွေးတိုင်းအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို စက်တင်ဘာ ၁၄ ရက်နေ့က စတင်ပြီး ပါဆယ်စနစ် ရောင်းချဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ ချောက်မြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိ ဦးနေမန်းက “ပြည်တွင်းကူးစက်မှုလို့ ရခိုင်ပြည်နယ်မှာ ဖြစ်လာတဲ့ ဆင့်ပွားကူးစက်ခံရတဲ့အထဲမှာ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခြင်းက ကိုဗစ် ၁၉ ရောဂါကူးစက်သူတွေ ပါဝင်ကြောင်း စိစစ်တွေ့ရှိရလို့ အဲဒီအတွက်ကြောင့် ကူးစက်မှု များပြားလာတယ်။ အဲဒါကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိတဲ့ စားသောက်ဆိုင် (အရက်၊ ဘီယာ၊ ယမကာ) ဆိုင်များအပါအဝင် လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ် ရောင်းချသွားရေး အသိပေးညွှန်ကြားထားပါတယ်”လို့ ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့က စတင်ပြီး ဆိုင်ထိုင် စားသောက်ခွင့်ပိတ်ပြီး ပါဆယ်စနစ်သာ ရောင်းချရမှာဖြစ်ပြီး ဆိုင်တွေကိုလည်း လှည့်လည်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ မကွေးတိုင်း ဒေသကြီးအတွင်း ပထမအကြိမ် ကိုဗစ်-၁၉ကာလမှာ  မတ်လ ၂၆ ရက်နေ့ကနေ ဇွန်လဆန်းပိုင်းအထိ  ပါဆယ်စနစ်သာ ရောင်းချခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။  ကိုလင်း(ချောက်)
10 months Ago
Up