close

ပါတီမှတ်ပုံတင်

close

April 21, 2023

စစ်တပ်ဩဇာခံ ကြံ့ခိုင်ရေးပါတီကို ပထမဆုံး မှတ်ပုံတင်ချပေး

ပါတီမှတ်ပုံပြန်တင်ခိုင်းတဲ့ နိုင်ငံရေးပါတီတွေထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဧပြီ ၂၀ ရက်မှာ ပထမဆုံး မှတ်ပုံတင်ချပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ 

မှတ်ပုံပြန်တင်ထားတဲ့ ပါတီ ၆၃ ခုထဲက အရင်ဆုံးလျှောက်ထားခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပထမဆုံးမှတ်ပုံတင်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး မှတ်ပုံတင်အမှတ်  ၁ ဖြစ်ကြောင်း ဆိုပါတယ်။ 

ဧပြီ ၂၀ ရက် မနေ့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုယ်တိုင် နေပြည်တော်က ကြံ့ခိုင်ရေးရုံးကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် မှတ်ပုံတင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

တည်ဆဲပါတီတွေကို ရက်ပေါင်း ၆၀ အတွင်း ပြည်လည်မှတ်ပုံတင်ခိုင်းခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက် နောက်ဆုံးရက် သတ်မှတ်ခဲ့တာပါ။

ဒါ့အပြင် မှတ်ပုံပြန်မတင်လို့ဆိုပြီး ပါတီ ၄၀ ကျော်ဖျက်သိမ်းခံခဲ့ရတဲ့အထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

3 hours Ago

March 15, 2023

မွန်ညီညွတ်ရေးပါတီ စစ်ကောင်စီ UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထား

တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဒီနေ့ မတ် ၁၅ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး နိုင်စံတင်က ဒီဗွီဘီကို ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပါတီမှတ်ပုံတင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ပြီးနောက် စစ်ကောင်စီ UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပါတယ်။

ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကန့်သတ်ချက်တွေကြောင့် မွန်ပြည်နယ်အဆင့်မှာပဲ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။

ဒါပေမဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်ညီညွတ်ရေးပါတီ(ကရင်ပြည်နယ်)အတွက်လည်း ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသွားဖို့ စီစဉ်ထားတယ်လို့ နိုင်စံတင်က ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ ပါတီမှတ်ပုံပြန်တင်ရတာဟာ ပါတီဆက်လက် ရှင်သန်ရေးအပါအဝင် ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ ဒီဗွီဘီကို ပြောဆိုထားပါတယ်။

မတ် ၁၄ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၃ ပါတီအထိ ရှိလာပြီလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ တနိုင်ငံလုံး စည်းရုံးမယ့်ပါတီ ၅ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာသာ စည်းရုံးမယ့်ပါတီ ၁၈ ပါတီရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁၂ နေရာအထိ အနိုင်ရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက် မွန်လူထုအတွင်း ဝေဖန်ခံနေရတဲ့ နိုင်ငံရေးပါတီတခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မွန်ညီညွတ်ရေးပါတီရဲ့ ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးက စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ နိုင်လယိတမကလည်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်နဲ့ မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်နေပါတယ်။

1 month Ago
Up