close

ပါတီအလံ

close

September 22, 2022

ရပ်ကျေးစည်းရုံးရေးမှူးများကို ပါတီအလံလွှင့်ရန် ကြံ့ခိုင်ရေးပါတီ ညွှန်ကြား

ပါတီညီလာခံကျင်းပဖို့ နီးကပ်လာတာကြောင့် နေအိမ်တွေမှာ ပါတီအလံလွှင့်ထူဖို့ နေပြည်တော်ရှိ ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီက  ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကို လာမယ့် အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိနေပြီး ပါတီဗဟိုဌာနချုပ်မှာလည်း ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။

ပါတီညီလာခံကျင်းပဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် နေပြည်တော်က ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ပါတီအလံထောင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ညွှန်ကြားနေတယ်လို့ ဆိုပါတယ်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးတဦးက "အိမ်တွေမှာ အလံထောင်ဖို့ မြို့နယ်အလိုက် ညွှန်ကြားတာတွေတော့ ရှိပါတယ်။ စည်းရုံးရေးမှူးတွေကိုပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒီအချိန်မှာ ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တခြားသူတွေ ထောင်ချင်ထောင် ကျနော်ကတော့ အဆင်မပြေနိုင်ဘူးလို့ ပြန်ပြောထားတယ်" လို့ ပြောပါတယ်။

လာမယ့်လအတွင်း ပြုလုပ်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ညီလာခံအတွင်းမှာ ပါတီဥက္ကဋ္ဌနေရာ အပါအဝင်  ‌အဓိကခေါင်းဆောင်ပိုင်းနေရာတွေ အပြောင်းအလဲပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း ပါတီဝင်တဦးက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ပါတီညီလာခံပြုလုပ်တော့မယ့်အချိန်မှာ နေပြည်တော်အတွင်းကို စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ယခင်ကထက် ပိုမိုစစ်ဆေးလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"အစစ်အဆေးတွေက ပိုပြီးများလာတာတော့ အမှန်ပဲ။ ဘာကြောင့်လဲတော့ သေချာမသိဘူး။ အရင်က မရှိတဲ့နေရာတွေမှာပါ ဘန်ကာတွေဆောက်ပြီး စစ်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

နေပြည်တော်အတွင်း အစစ်အဆေး ပိုမိုတင်းကျပ်လာတာဟာ   ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကြောင့်ဖြစ်ပုံမရဘဲ အခြား စစ်ဆင်ရေး ကိစ္စရပ်တွေကြောင့်လည်း ဖြစ်ပုံရတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်အချို့က သုံးသပ်ကြပါတယ်။

6 hours Ago

September 7, 2020

ပါတီအလံ၊ တံဆိပ်နှင့် တီရှပ်များ ပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်း

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ နီးကပ်လာချိန်မှာ ပါတီအလံတံဆိပ်  နဲ့ တီရှပ်အထည်တွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းလာတယ်လို့ တံရိုက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။  လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။  ရန်ကုန်မြို့ ရွှေဂုံတိုင်အနီးတစ်ဝိုက်က တံဆိပ်ရိုက်လုပ်ငန်းတွေမှာ ပါတီအလံတံဆိပ်နဲ့ တီရှပ်တွေကို ပြည်သူအများစုက လာရောက်ဝယ်ယူတာတွေလည်း ရှိပါတယ်။  လက်ရှိ စျေးကွက်အနေအထားအရ အန်အယ်လ်ဒီပါတီ အလံတံဆိပ်နဲ့ တီရှပ်တွေက အများဆုံးရောင်းနေရတယ်လို့ အောင်သပြေ တံဆိပ်ရိုက်လုပ်ငန်းက ကိုအောင်ဇော်ထွန်းက ပြောပါတယ်။ တခြားပါတီတွေကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်ဖို့အတွက် ပါတီအလံ တံဆိပ်တွေ မှာယူတာတွေ အနည်းငယ်တော့ ရှိတယ်လို့ တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သူ တဦးကလည်း ဆိုပါတယ်။  လတ်တလော တံဆိပ်ရိုက်ဈေးကွက်အတွင်း အများစုမှာယူနေတာကတော့ အန်အယ်လ်ဒီ ပါတီ အလံ၊ တံဆိပ်၊ တီရှပ် အင်္ကျီ၊ ဦးထုပ်၊ ထီး၊ ရင်ထိုး၊ နှာခေါင်းစည်း Mask စတာတွေ ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက်နေ့မှာ ပါတီအလံလွှင့်ထူဖို့ တိုက်တွန်း ထားတာကြောင့် ပါတီအလံတံဆိပ်တွေ လာရောက်ဝယ်ယူနေကြတယ်လို့လည်း သိရပါတယ်။ အခုချိန်တော့ ကြိုတင်ရိုက်နှိပ်ထားတဲ့ အထည်ပစ္စည်းတွေကို ရောင်းချပေးနေတာဖြစ်ပြီး ကြိုတင်မှာယူရင်တော့ အထည်အရေအတွက်အပေါ် မူတည်ပြီး အချိန် တစ်ပတ်ကြာ စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ သတင်း - နန့်ခိုင်
2 years Ago
Up