close

ပါလက်စတိုင်းစခန်း

close

December 12, 2021

လက်ဘနွန်တောင်ပိုင်း ပါလက်စတိုင်းစခန်းတွင် ပေါက်ကွဲမှုဖြစ်၊ ၁၂ ဦးခန့် ဒဏ်ရာရ

လက်ဘနွန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တာယာ Tyre မြို့နားက ပါလက်စတိုင်းတွေ ခိုလှုံနေတဲ့ စခန်းတစ်ခုအနီးမှာ ဒီဇင်ဘာ ၁၀ ရက်ညက အကြီးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူ တဒါဇင်လောက် ဒဏ်ရာရသွားတယ်လို့  ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

နိုင်ငံပိုင် အန်အန်အေသတင်းဌာနက သေဆုံးသူ အတိအကျ မပြောပေမဲ့ ဒေသတွင်း သတင်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအဆိုအရ သေဆုံးသူ မရှိဘူးလို့ ဆိုပါတယ်။

အန်အန်အေ သတင်းမှာတော့ ပေါက်ကွဲမှုဟာ အနီးနားက လျှိုဝှက် လက်နက်သိုလှောင်ရုံမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ခွဲတွေဖြစ်တဲ့ Hamas ဟာမက်နဲ့ Fatah ဖတ်တက် အဖွဲ့တွေဟာ စခန်းတွေ တော်တော်များများကို ထိန်းချုပ်ထားပြီး လက်ဘနွန် အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးတာမျိုး မရှိပါဘူး။ 

ဒီကိစ္စနဲ့ပတ်သက်လို့တော့ ဟာမက်အဖွဲ့ကတော့ တရားဝင် ပြောဆိုတာ မရှိပါဘူး။  

54 seconds Ago
Up