close

ပိတ်မိမိုင်းတွင်းလုပ်သား

close

August 9, 2022

မက္ကဆီကိုတွင် ပိတ်မိမိုင်းတွင်းလုပ်သားများကို ကယ်ဆယ်ရေး ကြိုးပမ်း

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း၊ ကိုးဝီလာပြည်နယ်ရှိ အယ်လ်ပီနာဘေတေ ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေကို ကယ်ဆယ်နိုင်ဖို့ သြဂုတ် ၈ ရက်မှာ ကယ်ဆယ်ရေးသမားတွေဟာ ရေလွှမ်းနေတဲ့ ကျောက်မီးသွေးတွင်းက ရေတွေကို စုပ်ထုတ်နေပါတယ်။

မိုင်းတွင်းလုပ်သား ၁၀ ယောက်ရဲ့ မိသားစုတွေကလည်း အခင်းဖြစ်ပွားရာ နေရာအနီးမှာ စောင့်ဆိုင်းနေကြပါတယ်။

သြဂုတ် ၃ ရက်က ဆဘီးနာမြို့မှာ မိုင်းတွင်းလုပ်သားတွေဟာ သူတို့ရဲ့ တူးဖော်မှုလုပ်ငန်း လုပ်နေချိန် လိုဏ်ခေါင်းနံရံ ပြိုကျခဲ့လို့ ရေတွင်းသုံးတွင်း ရေလျှံခဲ့ပြီး သူတို့လည်း ပိတ်မိနေခဲ့တာပါ။

ကယ်ဆယ်ရေးသမားတွေ မဝင်ရောက်ခင် မိုင်းတွင်းက ရေတွေကို တတ်နိုင်သမျှ မြန်မြန်စုပ်ထုတ်ဖို့ လိုအပ်ကြောင်း သြဂုတ် ၇ ရက်က မတော်တဆမှု ဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါက ပြောကြားခဲ့ပါတယ်။

အပြင်မှာ စောင့်ကြပ်နေတဲ့ ဆွေမျိုးတွေကတော့ မိုင်းတွင်းလုပ်သားတွေကို အသက်ရှူဖို့နေရာ ရှာတွေ့နိုင်မယ်လို့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားရင်း ပြောပါတယ်။ 

အမျိုးသားအရပ်သားကာကွယ်ရေး ညှိနှိုင်းရေးမှူး လော်ရာ ဗီလက်ဇ်ကွက်ဇ်ကတော့ ဒီမိုင်းတွင်းတွေမှာ ရေတွေကို ထုတ်ယူဖို့ အမြဲတမ်း ရေစုပ်စက်ရှိပြီး မနက်ဖြန်မှာ သတင်းကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီအတွက် အစွမ်းကုန် ကြိုးစားလုပ်နေပြီး အားလုံးနဲ့အတူ ရှိနေပါကြောင်းနဲ့ သူတို့ရဲ့ ပန်းတိုင်ကလည်း ပိတ်မိနေသူတွေကို ရအောင်ကယ်တင်ဖို့၊ ကယ်ဆယ်ဖို့ဖြစ်ကြောင်း သူက ဆိုပါတယ်။

ဆဘီးနာမြူနီစီပယ်ဒေသတွင်းရှိ ဒီမိုင်းတွင်းကို ဇန်နဝါရီလက ဖွင့်လှစ်ခဲ့ပြီး ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်အမျိုးအစားတွေအတွက် တိုင်ကြားစာမှတ်တမ်း မရှိဘူးကြောင်း အလုပ်သမား ဝန်ကြီးဌာနကနေ သိရပါတယ်။

30 mins Ago
Up