ချဲလ်ဆီးအသင်းကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ဟာ ပိုကောင်းတဲ့အသင်းဖြစ်လာပြီလို့ နည်းပြအာတီတာက ပြောပါတယ်။
အသင်းရဲ့စွမ်းဆောင်ရည်အပေါ် နည်းပြ အာတေတာက ကျေနပ်နေပြီး ပိုကောင်းတဲ့အသင်း၊ အရည်အချင်းပြည့်ဝတဲ့အသင်းဖြစ်လာပြီလို့ မှတ်ချက်ပေးခဲ့တာပါ။
ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မာရသွန်ပြိုင်ပွဲ ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ဆက်လက်ခြေစွမ်းပြသနိုင်ဖို့ လိုအပ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ နည်းပြအာတီတာအတွက် အာဆင်နယ်နဲ့အတူ ပွဲပေါင်း ၁၅၀ ပြည့်မြောက်ခဲ့ပြီး ကစားသမားဘဝတုန်းကလည်း အာဆင်နယ်အတွက် ပွဲပေါင်း ၁၅၀ ကစားပေးခဲ့ပါတယ်။