close

ပိုင်ရှင်မဲ့အလောင်း

close

October 18, 2022

တမူးမြို့တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း၂‌ လောင်းတွေ့

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဗိုလ်နိုင်ဝင်လမ်းဘေးအနီး သေဆုံးနေတဲ့ အမည်မသိ အမျိုးသားအလောင်း နှစ်လောင်းကို အောက်တိုဘာ ၁၇ ရက်‌က တွေ့ရှိပြီး တမူးဆေးရုံကို ပို့လိုက်တယ်လို့ နိဗ္ဗာန်လမ်းလူမှုကူညီရေး အသင်းခေါင်းဆောင် ကိုမင်းထင်ကျော်က ပြောပါတယ်။ 

သေဆုံးသူတွေဟာ ဆေးသုံးစွဲရင်း သေဆုံးသွားတဲ့ ဆေးသမားဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ အလောင်းပိုင်ရှင်ဘယ်သူဘယ်ဝါဆိုတာ မသိရတဲ့အတွက် သီးခြား အတည်မပြု နိုင်သေးပါဘူး။

အဲဒီနေရာမှာ အောက်တိုဘာ ၁၂ ရက်ကလည်း သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အလောင်း တလောင်းကို တွေ့ရှိခဲ့ရသလို  စက်တင်ဘာ ၁၅ ရက်ကလည်း မြို့မဈေးတောင်ဘက် ဆိုင်ခန်းတခန်းရှေ့မှာ လည်း ဒဏ်ရာတွေနဲ့  သေဆုံးနေတဲ့ အမည်မသိ အမျိုးသားအလောင်းကို တွေ့ရှိခဲ့ရပါသေးတယ်။

ဒီဗွီဘီက စုဆောင်းထားတဲ့အချက်အလက်တွေအရ ၁ လ ကျော်အတွင်း တမူးမြို့နယ်မှာ ပိုင်ရှင်မဲ့ အလောင်း ၈ လောင်းထိရှိနေပြီလည်း ဖြစ်ပါတယ်။

8 mins Ago

September 28, 2022

တမူးမြို့တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တွေ့ရှိ

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းဖာလုံကိုသွားတဲ့ လမ်းဘေး တိုက်ပျက်တခုမှာ သေဆုံးနေတဲ့ အမည်မသိ အမျိုးသားအလောင်းကို စက်တင်ဘာ ၂၇ ရက်‌ ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအလောင်းကို ‘နိဗ္ဗာန်လမ်း’ ပရဟိတ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ ဆေးသုံးစွဲရင်း သေဆုံးသွားတဲ့ ဆေးသမား ဖြစ်နိုင်တယ်လို့ အလောင်းကို မျက်မြင်တွေ့ရှိသူတွေက ပြောဆိုကြပေမဲ့ အလောင်းပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာ မသိရတဲ့အတွက် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လတ်တလော တမူးမြို့ပေါ်မှာ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့ရှိနေပါတယ်။

အလောင်းတွေက ပစ်သတ်ခံထားရတဲ့ အလောင်းတွေလည်း ရှိသလို ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေလည်း တွေ့နေရတယ်လို့ နိဗ္ဗာန်လမ်း ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်ကလည်း တမူးမြို့၊ မြို့မဈေးတောင်ဘက် တိုက်ခန်းဆိုင်ခန်းတခန်း ရှေ့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမည်မသိ အမျိုးသားအလောင်း တွေ့ရှိခဲ့ပါသေးတယ်။

စက်တင်ဘာ ၁၀ ရက်ကလည်း တမူးမြို့နယ် မန်မော်ရွာသစ်ကျေးရွာထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတလောင်း တွေ့ရှိခဲ့ပါသေးတယ်။

ဒီဗွီဘီက စုဆောင်းထားတဲ့ အချက်အလက်တွေအရ ၁ လအတွင်း တမူးမြို့နယ်မှာ ပိုင်ရှင်မဲ့အလောင်း ၆ လောင်းထိ ရှိနေပြီ ဖြစ်ပါတယ်။

3 weeks Ago
Up