close

ပိုင်ရှင်မဲ့ မူးယစ်ဆေး

close

November 20, 2021

မိုးကုတ် - ပြင်ဦးလွင်ကားလမ်းတွင် ကျပ်သိန်း ၁၁၈၀၀ တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးများတွေ့ရှိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်-ပြင်ဦးလွင်ကားလမ်း၊ မိုးကြိုးပစ်ရွာအနီးမှာ ရပ်ထားတဲ့ ကုန်ကားပေါ်ကနေ နိုဝင်ဘာ ၁၉  ရက်က ကျပ်သိန်း  ၁၁၈၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မိုးကုတ် ဘက်ကနေ ပြင်ဦးလွင်ဘက်ကို မောင်းနှင်လာတဲ့  (၂၂) ဘီးတွဲ ကုန်တင်ယာဉ်ကို သက်ဆိုင်ရာကနေ မသင်္ကာတဲ့အတွက် လိုက်လံစုံစမ်းရာ မိုးကြိုးပစ်ကျေးရွာအဝင်လမ်း၊ ဖူဆယ်ဘောလုံးကွင်းအနီး မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်းပေါ်မှာ သော့တန်းလန်းနဲ့ ရပ်ထားတာကို တွေ့ရှိခဲ့တာလို့ ရဲမှုခင်းမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီနောက် ယာဉ်ကို စစစ်ဆေးရာ ယာဉ်နောက်ခန်းကြမ်းခင်းအောက်အံဝှက်အတွင်းက တန်ဖိုးငွေကျပ်သိန်း ၁၁၅၀၀ ရှိတဲ့ ဘိန်းဖြူ ဆပ်ပြာခွက် စုစုပေါင်း ၄၆၀၀ ခွက် ကို ရှာဖွေတွေ့ရှိခဲ့တဲ့အပြင် တန်ဖိုးငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း  ၂၀၀၀၀ ပြားကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာပြီးထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဥ်မောင်းနဲ့ မူးယစ်ဆေးဝါးများပိုင်ရှင်၊ သယ်ဆောင်ခိုင်းသူတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အရေးယူနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

14 seconds Ago
Up