close

ပိုင်ရှင်မဲ့

close

February 3, 2022

မဲဆောက်တွင် သေနတ်နှင့် မှန်ဘီလူးအချို့ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့နယ်၊ မဟာ၀မ်စီရင်စု၊ မဲ့ကိုကင်းကျေးရွာ ရပ်ကွက် ၄ အပိုင် သောင်းရင်းမြစ်အနီးမှာ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်က ထိုင်းနယ်ခြားစောင့်တပ်က ရိုင်ဖယ်သေနတ်အသစ် ၇ လက်နဲ့ မှန်ဘီလူး ၃ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။

DERYA MK  ၁၂ အမျိုးအစား အရှည် ၄ လက်၊ DERYA MK  9 MM ၃ လက်၊  မှန်ဘီလူး ၃ ခုနဲ့ ဆက်စပ်ပစ္စည်းတွေကို နယ်ခြားသောင်ရင်းမြစ်အနီး မြက်တောထဲကနေ ထိုင်းနယ်ခြားစောင့်တပ်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တာပါ။

အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေနဲ့ မှန်ဘီလူးတွေဟာ အသုံးမပြုရသေးတဲ့ စက်ရုံထုတ်ပါကင်ပိတ်တွေဖြစ်ပြီး မြဝတီမြို့နယ်ဘက်ခြမ်းကို မပို့ဆောင်မီ  ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်းရမိခဲ့တာပါ။

12 hours Ago

March 3, 2020

ကွတ်ခိုင်မြို့နယ်တွင် ကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ပိုင်ရှင်မဲ့ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ သိမ်ဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက မူးယစ် ဆေးဝါးသတင်းအရ  ကောင်းခါးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၉ ရက်နဲ့ မေလ ၁ ရက်နေ့တွေမှာ သွားရောက်ရှာဖွေရာမှာ မသင်္ကာဖွယ်ရာ အဆောက်အအုံ ၂ လုံးအတွင်းကနေ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တာပါ။  အဆိုပါနေရာတွေကနေ WY တံဆိပ်နဲ့ R တံဆိပ်ရောရာ စိတ်ကြွဆေးပြား ၅၁ အိတ်၊ 88/1 တံဆိပ်ပါ စိတ်ကြွဆေးပြား ၆ အိတ်၊ တံဆိပ်မပါတဲ့ စိတ်ကြွဆေးပြား ၂၅ အိတ် စုစုပေါင်းစိတ်ကြွဆေးပြား ၁၆၄၀၀၀၀၀ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၃၃၀၀ ခွက်(၃၃၀၀၀ဂရမ်ခန့်)၊  ပိုင်ရှင်မဲ့အဆောက်အဦတစ်လုံးအတွင်းက WY ၊ R ၊ 88/1 တံဆိပ်နဲ့ တံဆိပ်မပါ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်ရောရာ စိတ်ကြွဆေးပြား ၁၅၄၀၀၀၀ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၁၄၀ ခွက် တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဂက်စ်မီးဖို ၁၅၈ လုံး၊ ဓာတုဆေးရည်ဗူး ၄၁၀ ဗူး၊ ၅ ဂါလန်ဆံ့ ဓာတုဆေးရည်ပုံး ၂၆၆ ပုံး၊ ဓာတုဆေးရည်အိတ် ၈၇ အိတ်၊ အက်ဆစ်ထည့် ပေပါ ၁၅ လုံး၊ ဆေးပြားရိုက်စက် ၁ ခုနဲ့ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ၊ မြေကျင်းတူးသိုလှောင်ထားတဲ့ အက်ဆစ် ၅၀ ဂါလန်ဆံ့ ပေပါ ၂၈၁ လုံးတို့ အပြင်  ဆေးပြားရေတွက်စက်၊ အမှုန့်ကြိတ်စက်နဲ့ မော်တော်ယာဉ်တွေကိုပါ ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ပါတယ်။  အဆိုပါ သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြားပေါင်း ၁၈ သန်းလောက်နဲ့ ဘိန်းဖြူ ၃၃ ကီလိုတို့ဟာ အမေရိကန်ဒေါ်လာ ၂၇ သန်းဖိုးလောက် တန်ဖိုးရှိပြီး အခုနှစ်တွင်း မြန်မာနိုင်ငံမှာ အများဆုံးဖမ်းမိတဲ့ ပမာဏလည်းဖြစ်ပါတယ်။ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုမှာ  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်ကလည်း စိတ်ကြွဆေးပြား ၄ သိန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့ပါတယ်။ ဓာတ်ပုံ- CINCDS
2 years Ago
Up