close

ပိုင်ရှင်ရုရှားသူဌေး

close

February 27, 2022

ချယ်ဆီးလ်ကို ပရဟိတအသင်းထံ အပြီးလွှဲမည်ဟု ပိုင်ရှင်ရုရှားသူဌေး ပြော

ချယ်ဆီးလ် အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်က အသင်းကို လန်ဒန်မှာ ထူထောင်ထားတဲ့ ပရဟိတ အသင်းဆီ အပြီးအပိုင် လွှဲပြောင်းပေးလိုက်တော့မယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ရုရှားသူဌေးကြီး ဖြစ်တဲ့ အေဗရာမိုဗစ်ဟာ လန်ဒန်က ချယ်ဆီးကလပ်ကို ၂၀၀၃ ခုနှစ်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ 

ဒီနှစ်တွေအတွင်းမှာ အသင်းပိုင်ရှင်တစ်ယောက်အနေနဲ့ ချယ်ဆီးအသင်းကို အောင်မြင်တဲ့ အသင်းဖြစ်အောင်၊ အနာဂတ်ရှိတဲ့အသင်းဖြစ်အောင်၊ ဘောလုံးလောကမှာ အကျိုးပြုတဲ့ အသင်းဖြစ်အောင် ကြိုးစားခဲ့ပြီး အခုအချိန်မှာတော့ အသင်းရဲ့အကျိုးအတွက် လွှဲပြောင်းလိုက်ရတာလို့ အေဗရာမိုဗစ်က ပြောပါတယ်။

“ကလပ်ရဲ့ အကျိုးကို ငဲ့ကွက်ပြီး ဒီဆုံးဖြတ်ချက်ကို နှလုံးသားနဲ့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ဆိုပါတယ်။ 

ဘာကြောင့် အခုလို လွှဲပြောင်းရသလဲဆိုတာနဲ့ ပတ်သက်လို့ အေဗရာဟင်မိုဗစ်ရော ချယ်ဆီးအသင်းကပါ ထုတ်မပြောသေးပါဘူး။ 

ဒါပေမယ့် ရုရှားက ယူကရိန်းကို ကျူးကျော်တာနဲ့ပတ်သက်လို့ ရုရှားလူမျိုးတဦးချင်းနဲ့ အဖွဲ့အစည်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဗြိတိန်အစိုးရက ချမှတ်နေချိန် ဖြစ်ပါတယ်။ အခုအချိန်ထိတော့ အေဗရာမိုဗစ်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ မပါဝင်သေးပါဘူး။ 

ဒီလိုအသင်းအတွင်း ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပေါ်နေချိန်မှာပဲ ချယ်ဆီးအသင်းဟာ ဒီနေ့ညမှာ League Cup နောက်ဆုံးပွဲကို ကစားရမှာဖြစ်လို့ ကစားသမားတွေအပေါ် ဖိအားရှိနေတယ်လို့ အသင်းမန်နေဂျာ သောမတ်တူချယ်က ပြောပါတယ်။

1 min Ago
Up