close

ပိုမိုများပြားလာ

close

August 21, 2021

ပူတာအိုတွင် ဆယ်ကျော်သက်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ လူငယ်တွေနဲ့ ဆယ်ကျောက်သက်တွေအကြး  မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာတယ်လို့ ပူတာအိုဒေသခံတွေထံက သိရပါတယ်။

ပူတာအိုမှာ လူငယ်တွေသာမကဘဲ၊ အရွယ်မ‌‌ရောက်သေးတဲ့ ဆယ်‌ကျော်သက်က‌လေးသူငယ်‌တွေ၊ အမျိုးသား၊ အမျိုးသမီးတွေဟာ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းပြီး သုံးစွဲနေကြတယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “အခုနောက်ပိုင်းဆို ဓာတုပစ္စည်းရောထားတဲ့ မူးယစ်ဆေးတွေ အနည်းဆုံး ၅၀၀ ကျပ်ကနေ ဝယ်ယူနိုင်တာရယ်၊ မူးယစ်ဆေးဝါး တင်သွင်းတဲ့သူတွေကို အမြစ်ကနေ မရှင်းထုတ်နိုင်တဲ့အတွက် အခုလို သုံးစွဲသူတွေ များပြားလာတာဖြစ်တယ်" လို့ ပြောပါတယ်။

ပူတာအိုမြို့ဟာ ရာဇဝတ်မှုကင်းစင်ပြီး အေးချမ်းသာယာတဲ့ ဒေသလေးတစ်ခုဖြစ်ခဲ့ပေမဲ့ အခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပိုမိုများပြားလာတာနဲ့အမျှ သူခိုးတွေ ပေါများလာတဲ့အတွက်  မြို့ပေါ်ရပ်ကွက်‌တွေသာမက ကျေးရွာ‌တွေအထိ အိမ်စောင့်မရှိဘဲ အိမ်ကို မထားရဲတဲ့အခြေအနေ ရောက်နေပြီလို့ ပူတာအိုဒေသခံတစ်ဦးကလည်းပြောပါတယ်။

ပူတာအိုမြို့နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံ မူးယစ်တိုက်ဖျက်ရေး (Patjasan) နဲ့  မေတ္တာဖောင်ဒေးရှင်းတို့ ရှိပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်ဘက်က ပူးပေါင်းမှုအားနည်းခဲ့လို့ ပူတာအို မူးယစ်ဆေးဝါးပြဿနာကို ထိရောက်အောင် ကိုင်တွယ်နိုင်ခြင်းမရှိတာလို့ သိရပါတယ်။

5 mins Ago
Up