close

ပိုလန်ဘောလုံးအဖွဲ့ချုပ်

close

June 22, 2022

ရုရှားလိဂ်တွင် ဆက်ကစားမည့် ပိုလန်နောက်ခံလူကို လက်ရွေးစင်အသင်းတွင် မရွေးချယ်

ရုရှားကလပ် စပါးတပ်မော်စကိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပိုလန်နောက်ခံလူ မက်ချေးရစ်ဘက်စ်ကို လက်ရွေးစင်အသင်းမှာ မရွေးချယ်ဖို့ ပိုလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက် ပါတယ်။

ရုရှားကလပ်တွေမှာကစားနေတဲ့ နိုင်ငံခြားကစားသမားတွေဟာတခြား ပြည်ပနိုင်ငံအသင်းတွေဆီ ပြောင်းရွှေ့နေချိန်မှာ ရုရှားလိဂ်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ရစ်ဘက်စ်ကို ပိုလန်အသင်းက အရေးယူမှုတခု ပြုလုပ်ခဲ့တာပါ။

မက်ချေးရစ်ဘက်စ်ဟာ ရုရှားကလပ် လိုကိုမိုတစ်မော်စကိုအသင်းကို ၂၀၁၇ ခုနှစ်ကတည်းက ပြောင်းရွှေ့ကစားခဲ့ပြီး မြို့ခံပြိုင်ဘက် စပါးတပ်မော်စကိုအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်နောက်ခံလူဟာ ပိုလန်အတွက် စုစုပေါင်း ၆၆ ပွဲအထိ ကစားခဲ့သူပါ။ ရုရုားလိဂ်မှာပဲ ဆက်ကစားမှာဖြစ်တာကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမယ့် ပိုလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ဖို့ စဉ်းစားတော့မှာ မဟုတ်ပါဘူး။

ပိုလန်အသင်းဟာ ကမ္ဘာ့ဖလား ပလေးအော့ဖ် ဆီမီးဖိုင်နယ်အဆင့်မှာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်ပေမဲ့ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့မှုအပေါ် လက်မခံတဲ့အနေနဲ့ ပွဲကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ရုရှားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်မပြုဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အရေးယူခဲ့တာ ဖြစ်ပါတယ်။

2 mins Ago
Up