close

ပို့ကုန်ထိန်းချုပ်မှုသစ်

close

October 9, 2022

အမေရိကန်ပို့ကုန်ထိန်းချုပ်မှုသစ်အပေါ် တရုတ်ပြစ်တင်ဝေဖန်

တရုတ်ချစ်ပ်ထုတ်လုပ်သူတွေကို ပစ်မှတ်ထားတဲ့ အမေရိကန်ပို့ကုန်ထိန်းချုပ်မှုအသစ်တွေဟာ ကုန်သွယ်မှုအစီအမံတွေကို အလွဲသုံးစားလုပ်ရင်း အမေရိကန်နိုင်ငံရဲ့  နည်းပညာနယ်ပယ်မှာ ကြီးစိုးလွှမ်းမိုးမှုကို ထိန်းသိမ်းဖို့ ပုံစံထုတ်ထားတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က  အောက်တိုဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။ 

အမေရိကန်အစိုးရက ပို့ကုန်ထိန်းချုပ်မှု အစုံအလင်ကို အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန် စက်ကိရိယာတွေနဲ့ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ထုတ်လုပ်တဲ့ ဆီမီးကွန်ဒတ်တာ ချစ်ပ်ပြားတွေကို တရုတ်နိုင်ငံနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ လုပ်ဆောင်ချက်တရပ်လည်း ပါဝင်ပါတယ်။ 

"သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ကြီးစိုးလွှမ်းမိုးမှုကို ထိန်းသိမ်းဖို့ အမေရိကန်ပြည်ထောင်စုဟာ ပို့ကုန်ထိန်းချုပ်ရေး အစီအမံတွေကို အလွဲသုံးစားလုပ်ပြီး တရုတ်စီးပွားရေးလုပ်ငန်းတွေကို မနာလိုစွာနဲ့ ပိတ်ဆို့ဖိနှိပ်ခဲ့တယ်၊ ဒီချဉ်းကပ်မှုဟာ တရားမျှတတဲ့ ပြိုင်ဆိုင်မှုကို သွေဖည်ပြီး နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်တယ်” လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။ 

အမေရိကန်ရဲ့ လုပ်ရပ်တွေ တန်ပြန် အကျိုးသက်ရောက်တဲ့အခါ အမေရိကန်ကသာ ထိခိုက်နစ်နာပြီး အထီးကျန်နေ လိမ့်မယ်လို့ မော်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

10 hours Ago
Up