close

ပီတိCDM ထောက်ပံ့ရေးအဖွဲ့

close

September 6, 2021

CDM ဆရာ၊ ဆရာမများအတွက် ပီတိCDM ထောက်ပံ့ရေးအဖွဲ့က ကူညီထောက်ပံ့

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်း CDM ဆရာ၊ ဆရာမ အယောက် ၁၀၀ အတွက်   ပီတိ CDM ထောက်ပံ့ရေးအဖွဲ့က စက်တင်ဘာလအတွက် တစ်ဦးကို ကျပ် ၄၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ပေးခဲ့ပါတယ်။

ထောက်ပံ့ကြေးငွေရရှိဖို့အတွက် ပီတိ CDM ထောက်ပံ့ရေး အဖွဲ့အစည်းကို အရင်ဆုံးလျှောက်ထားရတာဖြစ်ပြီး ဒီလမှာ မရရှိတဲ့ ဆရာ ဆရာမတွေအတွက် နောက်လမှာ ပြန်လည်လျှောက်ထားနိုင်တယ်လို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

စက်တင်ဘာလအတွက်  ထောက်ပံ့ကြေးရတဲ့ CDM ဆရာ ဆရာမ တွေအနေနဲ့ သင်ကြားမှုဆိုင်ရာ၊ နည်းပညာဆိုင်ရာ အသိပညာတွေကို မွမ်းမံသင်ကြားပေးမယ့် သင်တန်းတွေ တက်ရောက်ရမှာဖြစ်ပြီး PiTi-Education မှာလည်း စာသင်ကြားပေးရမှာဖြစ်ပါတယ်။ အဲ့လိုစာသင်ကြားနေတဲ့ ကာလအတွင်းမှာလည်း လစဉ်ဝင်ငွေ ရရှိနေမှာဖြစ်ပါတယ်။ 

ပီတိ CDM ထောက်ပံ့ရေး အဖွဲအနေနဲ့  မတ်၊ ဧပြီ၊ မေ (၃) လအတွင်း လှူဒါန်းရရှိငွေ ၃၇၅ သိန်းကို ပညာရေးဝန်ကြီးလက်အောက်မှ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ CDM ဝန်ထမ်းပေါင်း ၇၅၀ အတွက်  ထောက်ပံ့ပေးနိုင်ခဲ့ပြီး အခုဆိုရင် ထောက်ပံ့လာခဲ့တာ ၇ လရှိပြီ ဖြစ်ပါတယ်။

11 mins Ago
Up