close

ပီယာလို

close

July 11, 2021

ယူရိုဗိုလ်လုပွဲတွင် ပြိုင်ဆိုင်မှုပြင်းထန်မည့် ၅ နေရာကို အီတလီဂန္ထဝင် ပီယာလိုသုံးသပ်

အင်္ဂလန်နဲ့အီတလီတို့ယှဉ်ပြိုင်ကစားမယ့် ယူရိုဗိုလ်လုပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်မယ့် နေရာ ၅ နေရာကို အီတလီဂန္ထဝင် ပီယာလိုက ရွေးချယ်သုံးသပ်လိုက်ပါတယ်။ 

နံပါတ်တစ်နေရာမှာတော့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနဲ့ အီတလီနောက်ခံလူ ချီလီနီတို့ရဲ့ ပြိုင်ဆိုင်မှုဖြစ်ပြီး ကိန်းက ထိပ်တန်းတိုက်စစ်မှူးဖြစ်ပေမယ့် တားဆီးနိုင်မယ့် နောက်ခံလူကို ရှာကြည့်ရင် ချီလီနီကိုသာ တွေ့ရလိမ့်မယ်လို့ ပီယာလိုက သုံးသပ်ပါတယ်။ 

ဒါ့အပြင် လုခ်ရှောနဲ့ ချီယေဆာ၊ မေဆန်မောင့်နဲ့ ဗာရက်တီ၊ ကယ်ဗင်ဖိလစ်နဲ့ ယော်ဂင်ညို၊ ဂျွန်စတုန်းစ်နဲ့ အီမိုဘီလီ အစရှိတဲ့ ပြိုင်ဆိုင်မှုတွေက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တယ်လို့ ပီယာလိုက သုံးသပ်ပါတယ်။ 

ဒါ့အပြင် နှစ်သင်းစလုံးက ခံစစ်ကောင်းမွန်တဲ့အသင်းတွေဖြစ်ပြီး ဖွင့်တိုက်မယ့် တိုက်စစ်ဆင်မှုတွေတော့ တွေ့မြင်ရဖွယ်မရှိဘူးလို့ ပီယာလိုက သုံးသပ်ပါတယ်။ 

အီတလီနဲ့ အင်္ဂလန်တို့ဟာ ယူရို ၂၀၁၂ ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နောက်ဆုံးတွေ့ဆုံခဲ့ဖူးပြီး အီတလီက ပင်နယ်တီအဆုံးအဖြတ် နဲ့ အနိုင်ရခဲ့ပါတယ်။

1 hour Ago

July 2, 2021

ကယ်ဗင်ဖိလစ်ကို ပီယာလိုနှင့် မနှိုင်းသင့်ကြောင်း ကာပယ်လိုသုံးသပ်

အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ဟာ ဒီဘက်ခေတ်မှာ အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်ပေမယ့် အီတလီဂန္ထဝင် ပီယာလိုနဲ့တော့ နှိုင်းယှဉ်ပြောလို့မရကြောင်း နည်းပြဟောင်း ကာပယ်လိုက သုံးသပ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ယူရိုအုပ်စုပွဲစဉ် ၃ ပွဲနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်အထိ ပေးဂိုးမရှိ မှတ်တမ်းနဲ့ ခြေစွမ်းပြနေတာပါ။ 

အဲဒီလိုပေးဂိုးမရှိခဲ့တာက ကွင်းလယ်က ကယ်ဗင်ဖိလစ်နဲ့ ဒက်ကလန်ရိုက်တို့ရဲ့ ခြေစွမ်းကောင်းမွန်မှုကြောင် ဖြစ်တယ်လို့ ကာပယ်လိုကပြောပါတယ်။ 

လိဒ်ကွင်းလယ်လူဖိလစ်ကို ရော့ရိူင်းယားပီယာလိုအဖြစ် အင်္ဂလန်ပရိသတ်တွေက ခိုင်းနှိုင်းချီးကျူးနေကြပေမယ့် ကွဲပြားခြားနားတယ်လို့  သုံးသပ်ပါတယ်။ 

“ဖိလစ်က ပီယာလိုလို ကစားသမားမဟုတ်တာကြောင့် ပီယာလိုလို ဘယ်တော့မှာဖြစ်မှာမဟုတ်ပါဘူး။ သူက ပိုမြန်သလို ပိုပြီးတော့လည်း တိုက်ရည် ခိုက်ရည်ရှိတယ်။ အရည်အချင်းလည်းရှိပေမယ့် ပီယာလိုနေရာကို ဆက်ခံနိုင်မယ့်သူ တော့မဟုတ်ပါဘူး။ သူက ဘီယယ်ဆာ (လိဒ်နည်းပြ)ရဲ့ လက်အောက်မှာ နည်းစနစ်ပိုင်းကောင်း လာတယ်။ ဒီခေတ်မှာတော့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးဖြစ်ပေမယ့် ပီယာလိုနဲ့ နှိုင်းယှဉ်တာမျိုးတော့ မလုပ်သင့်ပါဘူး” လို့ ကာပယ်လိုက ပြောပါတယ်။ 

ဆက်လက်ပြီး ဂိုးသမားပစ်ဖို့ဒ် မက်ဂွိုင်းယား၊ စတာလင်နဲ့ ဟာရီကိန်းတို့ကိုလည်း ကာပယ်လိုက ချီးကျူးခဲ့ပါတယ်။

1 week Ago
Up