close

ပီရူးနိုင်ငံမြောက်ပိုင်း

close

February 12, 2022

ပီရူးနိုင်ငံမြောက်ပိုင်း၌ ဘတ်စ်ကားတိုက်မှုကြောင့် ၂၀ ဦးထက်မနည်း သေဆုံး

ပီရူးနိုင်ငံ မြောက်ပိုင်း ပါတက်ဇ်ဒေသထဲမှာ ဖေဖော်ဝါရီ ၉ ရက်က ဘတ်စ်ကားတိုက်မှုကြောင့် လူ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး ၃၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံ အာဏာပိုင်တွေကို ကိုးကားပြီး မီဒီယာတွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

ပီကာဖလော ခရီးသွားကုမ္ပဏီက ဘတ်စ်ကားဟာ လမ်းချော်ပြီး ချောက်ထဲကျခဲ့တာလို့ ဒေသန္တရ ကျန်းမာရေးစီမံခန့်ခွဲရေးဌာနက အစီရင်ခံပါတယ်။

လမ်းအခြေအနေမကောင်းလို့ ယာဉ်မတော်တဆ ဖြစ်ရတာလို့ ကုမ္ပဏီဝန်ထမ်းတယောက်က ဒေသခံမီဒီယာကို ပြောပါတယ်။

တောင်တန်းတလျှောက် လမ်းတွေက အင်မတန်ဆိုးတဲ့ အခြေအနေကို ရောက်နေတာ ကြာပြီလို့ သူက ဆိုပါတယ်။

“သေဆုံးဒဏ်ရာရသူတွေကို အနားက တာယာဘမ်ဘာဆေးရုံဆီကို ခေါ်သွားပြီးပါပြီ။ ပြဿနာကို ဖြေရှင်းဖို့ မြူနီစီပယ်နဲ့ ဒေသန္တရအာဏာပိုင်တွေ အတူလုပ်ဆောင်နေတယ်”လို့ ပါတက်ဇ် မြို့တော်ဝန် အိုမာ အစ်ပါရာဂွေရေက ပြောပါတယ်။ 

4 mins Ago

November 13, 2019

ပီရူးနိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစီး လျှိုထဲ ပြုတ်ကျ၊ လူ ၁၉ ဦး သေဆုံး

ပီရူးနိုင်ငံမြောက်ပိုင်းက တောင်တန်းဒေသမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဘတ်စ်ကားတစီး လျှိုထဲကို ပြုတ်ကျခဲ့တာကြောင့် လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။ အိုဂျူကိုမြို့နားမှာ ဘတ်စ်ကားတစီးဟာ ပေပေါင်း ၉၈၀ အနက်ရှိတဲ့ လျှိုထဲကို ပြုတ်ကျသွားခဲ့တာ ဖြစ်ပြီး တခြားခရီးသည် ၂၃ ယောက်ထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။  အဲဒီမတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းဟာ အကွေ့အကောက်များတဲ့ တောင်ပတ်လမ်းတွေကြောင့်နဲ့ ကားဒရိုင်ဘာရဲ့ အမှားကြောင့်အပြင် ဘတ်စ်ကားရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ဖြစ်တယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။ ပီရူးနိုင်ငံက လမ်းမတွေမှာ လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိတာပါ။  မကြာသေးခင်နှစ်တွေအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် ထောင်ချီတဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up