close

ပီအက်စ်ဂျီနည်းပြ

close

May 11, 2023

ပီအက်စ်ဂျီနည်းပြရာထူးအတွက် ဆွေးနွေးခဲ့ခြင်းမရှိဟု မော်ရင်ညိုပြော

ပီအက်စ်ဂျီအသင်းနည်းပြရာထူးအတွက် ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေကို ရိုးမားနည်းပြ မော်ရင်ညိုက ငြင်းဆန်သွားပါတယ်။

လီဗာကူဆင်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို မော်ရင်ညိုက ပြန်လည် ဖြေကြားခဲ့တာပါ။

မော်ရင်ညိုကတော့ ပီအက်စ်ဂျီအသင်းကခေါ်ယူချင်တယ်ဆိုရင်တောင် သူ့ကိုရှာတွေ့မှာ မဟုတ်ကြောင်း၊ နည်းပြချုပ်ရာထူးအတွက် တစ်ကြိမ်တစ်ခါမှ ဆွေးနွေးဖူးတာမရှိကြောင်း ပြောပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိနည်းပြ  ခရစ္စတိုဖာဂယ်တီယာရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မှုမရှိတာကြောင့် နည်းပြသစ်တစ်ဦးခန့်အပ်ဖို့ စီစဉ်နေတာပါ။

လီဗာကူဆင်နဲ့ ပွဲစဉ်အကြောင်း ပြောကြားရာမှာတော့  သူတို့ဟာ တန်ပြန်တိုက်စစ်ကစားရာမှာ ဥရောပရဲ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်လာနေပြီး အလွန်အန္တရာယ်ရှိတဲ့အသင်းဖြစ်ကြောင်း မော်ရင်ညိုကပြောပါတယ်။

ဒါ့အပြင် လျင်မြန်တဲ့တိုက်စစ်ကစားသမားတွေအများကြီးရှိလို့ ရပ်တန့်နိုင်ဖို့ ခက်ခဲပေမဲ့ အကောင်းဆုံးကြိုးပမ်းသွားရမှာဖြစ်ကြောင်း မော်ရင်ညိုက ပြောသွားပါတယ်။

8 mins Ago

September 17, 2021

ထိပ်တန်းကစားသမားများ အတွဲအဖက်မိရန် အချိန်လိုသေးကြောင်း ပီအက်စ်ဂျီနည်းပြပြော

ပီအက်စ်ဂျီအသင်းမှာ ထိပ်တန်းကစားသမားတွေရှိပေမဲ့ အတွဲအဖက်မိဖို့အတွက် အချိန်ယူရဦးမယ်လို့ နည်းပြပိုချက်တီနိုက ပြောပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ ဘယ်လ်ဂျီယံကလပ် ဘရုဂေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေ တို့ရဲ့ MNM တိုက်စစ်အတွက်ကို ပွဲထွက်စေခဲ့ပေမဲ့ သူတို့ ၃ ဦးလုံးဂိုးမသွင်းနိုင်ခဲ့သလို အသင်းကလည်း ၁ ဂိုးစီ သရေရလဒ်သာရခဲ့တာပါ။

ဘရုဂေးနဲ့ သရေကျတဲ့ပွဲဟာ တိုက်စစ်မှူး ၃ ယောက် အတွဲအဖက်မမိတာက အဓိကပြဿနာမဟုတ်ခဲ့ပေမဲ့ အောင်မြင်မှုတွေရယူဖို့ အတွက်ဆိုရင်တော့ နားလည်မူရှိရှိတွဲဖက် ကစားနိုင်ဖို့ လိုတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။ 

ထိပ်တန်းကစားသမားတွေရှိတာလည်း မှန်ပေမဲ့ တိုက်စစ်ရော ခံစစ်မှာပါ အတွဲအဖက်မိမိကစားနိုင်ဖို့ အချိန်လိုအပ်တယ်လို့ နည်းပြပိုချက်တီနိုက မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ 

2 years Ago
Up