ဧပြီ ၈ ရက်နေ့က လွှတ်တင်ခဲ့တဲ့ ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ်မှူးလေးဦး လိုက်ပါတဲ့ စီးပွားဖြစ် အာကာသယာဉ်ဟာ ၂၁ နာရီကြာ ကမ္ဘာပတ်လမ်းထဲမှာ ရှိခဲ့ပြီးနောက် နိုင်ငံတကာအာကာသစခန်း (ISS) ကို ချောမောစွာ ရောက်ရှိခဲ့ပါတယ်။
တပတ်ကြာ အာကာသခရီးကို စီးပွားဖြစ်အာကာသသိပ္ပံဆိုင်ရာ မှတ်တိုင်တခုအဖြစ် ပညာရှင်တွေက ချီးကျူးပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးတဦးဖြစ်သူ အီလွန်မတ်ခ်ပိုင်တဲ့ Space X ကုမ္ပဏီရဲ့ စီးပွားဖြစ် Falcon 9 ဒုံးပျံကို နာဆာ ကနေဒီစင်တာကနေ လွှတ်တင်ခဲ့တာပါ။
နိုင်ငံစုံလုပ်ငန်းရှင် အာကာသယာဉ်မှူးအဖွဲ့ကို စပိန်နိုင်ငံသား အငြိမ်းစား နာဆာအာကာသယာဉ်မှူး မိုက်ကယ် လိုပက်ဇ် အလီကရီယာက ဦးဆောင်ခဲ့တာပါ။ သူက Axiom စီးပွားဖြစ် အကာသစခန်းရဲ့ ဒုတိယဥက္ကဋ္ဌပါ။
ဒုတိယအကြီးအကဲ အာကာသယဉ်မှူးကတော့ အိုဟိုင်းယိုးပြည်နယ် အိမ်ခြံမြေလုပ်ငန်းနဲ့ နည်းပညာလုပ်ငန်းရှင် အသက် ၇၀ အရွယ် လာရီကောနာဖြစ်ပြီး နောက် စီးပွားရေးအာကသယာဉ်မှူးနှစ်ဦးက အစ္စရေး ဖိုက်တာဂျက်ပိုက်လော့သမား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် အီတန် စတစ်ဘီနဲ့ ကနေဒါစီးပွားရေးလုပ်ငန်းရှင် မိုက်ပတ်သီတို့ ဖြစ်ပါတယ်။